ငွေကျပ် ၃၆၆၁၁ သိန်းအား ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သဖြင့် နိုင်ဂရုမှ ဒါရိုက်တာတစ်ဦးကို အမှုဖွင့်

နေပြည်တော် ၂၈ ဧပြီ

 


ရန်ကင်းမြို့နယ်၊ (၁၆)ရပ်ကွက်ရှိ Naing Group Holding Co.Ltd ၏ အမှုဆောင်အရာရှိချုပ်(ဉက္ကဋ္ဌ) ဦးကျော်နိုင်ဦး (၄၇)နှစ်၊ (ဘ)ဦးဝင်းနိုင် (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်နေသူမှ ၎င်း၏ကုမ္ပဏီဒါရိုက်တာ မယမင်းဖြူအိ (၃၈)နှစ်၊ (ဘ)ဦးဘိုအေး ကျောက်တံတား မြို့နယ်နေသူကို ငွေကျပ် ၃၆၆၁၁ သိန်းအား ကိုယ်ကျိုးအတွက် သုံးစွဲခဲ့မှုနှင့်ပတ်သက်၍ ရန်ကင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


ဦးကျော်နိုင်ဦးသည် မယမင်းဖြူအိအား Naing Group Holding ကုမ္ပဏီ၏ Bo Min Young Project AYA Bank Account သို့ ငွေကျပ် ၃၁၆၁၁ သိန်း ထည့်သွင်းရန်နှင့် ၎င်း၏အိမ်သို့ ငွေကျပ် ၅၀ဝ၀ သိန်း လာရောက်ပေးရန် စေခိုင်းခဲ့ရာ စုစုပေါင်း ငွေကျပ် ၃၆၆၁၁ သိန်းအား မယမင်းဖြူအိမှ ကိုယ်ကျိုးအတွက် သုံးစွဲကာ တိမ်းရှောင်နေခဲ့သဖြင့် ဧပြီ ၂၆ ရက် ည ၆ နာရီ မိနစ် ၄၀ တွင် ဦးကျော်နိုင်ဦးမှ တိုင်တန်းသဖြင့် မယမင်းဖြူအိ(ဖမ်းမမိ)အား ရန်ကင်းမြို့မရဲစခန်း (ပ)၃၁၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈ (စာရေး/ အစေခံက ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

 


MDN