ငွေကျပ်(၃၆၇)သိန်းကျော် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

သိန္နီ ၇ ဇူလိုင်

 


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း အနီးရှိ ပန်စုံကျေးရွာအတွင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်သွားသော အနီရောင် Ford အမျိုးအစား ဖိုးဝှီးယာဉ်အား အနက်ရောင်စတစ်ကာကပ်လျက် ယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအများအပြား  ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 


ဖြစ်စဉ်မှာ ရေပူအမြဲတမ်းစစ်ဆေးရေးတာဝန်ခံ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်နှင့် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များသည် ပုံမှန်စစ်ဆေးရေး လုပ်ဆောင်နေပြီး သတင်းအရ ၂၀၁၉ ခုနှစ် ဇူလိုင် (၆) ရက် မွန်းတည့် ၁၂ နာရီခန့်က စောင့်ဆိုင်းနေစဉ် မန္တလေးမှ မူဆယ်ဖက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 3G-xxxx ယာဉ်အား မသင်္ကာ၍ နောက်မှ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါယာဉ်မှာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးရှိ ပန်စုံရွာအတွင်း အတင်းမောင်းနှင်ထွက်ပြေးခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်ခြံဝင်းတစ်ခုအား တိုက်မိကာ ယာဉ်မောင်းဖြစ်သူမှာ ကားချန်ထား၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ယာဉ်အား ရဲစခန်းအတွင်း ယူဆောင်စစ်ဆေးခဲ့ရာမှ အံ့ဝှက်အတွင်း သယ်ဆောင်လာသော ကျောက်စိမ်းအရွယ်အစားမျိုးစုံ၏ စုစုပေါင်း ခန့်မှန်းအလေးချိန်မှာ (၇၃၅) ကီလိုဂရမ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ်မှာ (၃၆၇) သိန်းကျော်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သိန္နီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 


(မြို့နယ် ပြန်/ဆက်)

 

dfwefw