ငှက်မျိုးစိတ် သစ်မှတ်တမ်းတင်လှုပ်ရှားမှုမှာ စိတ်ပါဝင်စားသူများ လိုက်ပါနိုင်

ရန်ကုန် ၁ နိုဝင်ဘာ
 

ငှက်မျိုးစိတ် အသစ်မှတ်တမ်းတင်တဲ့ လှုပ်ရှားမှုမှာ လိုက်ပါလိုသူတွေဟာ လတစ်လရဲ့ နောက်ဆုံးအပတ် တနင်္ဂနွေနေ့တိုင်းမှာ လိုက်ပါနိုင်တော့မှာ ဖြစ်ပါတယ်။


ငှက်ကြည့်ဝါသနာရှင်တွေအတွက် အထောက်အကူဖြစ်စေတဲ့ Flock wing Bird watching Activity ကို စိတ်ပါဝင်စားသူတွေ လိုက်ပါနိုင်ဖို့ရည်ရွယ်ထားတာကြောင့် ငှက်ကြည့်ဝါသနာရှင်တွေအတွက် ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာ ထိန်းသိမ်းရေးအသင်းက မှန်ဘီလူးတွေ ငှားရမ်းပေးမှာပါလို့ တရားဝင် ထုတ်ဖော်အသိပေးခဲ့ပြီး တစ်လတစ်ကြိမ်နေရာ ပြောင်းလဲပြုလုပ်မှာ ဖြစ်ပါတယ်။


အောက်တိုဘာ ၂၃ ရက်က ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်းဟာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှာ ငှက်ကြည့်အစီအစဉ် လုပ်ဆောင်ခဲ့ပြီး  ငှက်မျိုးစိတ် ၄၁ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။


MDN