ငလိုက်စခန်းသာဆင်စခန်း၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်       ဇူလိုင်        ၂

 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်းတွင် မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော် သစ်ထုတ်ရေးဒေသမှ ပြုလုပ်သည့် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ရတနာတန်းဝင် သစ်မျိုးဖြစ်သည့် ပျဉ်းကတိုးပင်အား စိုက်ပျိုးပေးခဲ့သည်။

 

ထို့နောက် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ဝင်းနိုင်၊ နေပြည်တော် သစ်ထုတ်ရေး ဒေသမန်နေဂျာ ဦးကျော်စွာဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် သစ်ထုတ်ရေးဒေသမှ အရာထမ်း၊ အမှုထမ်းများက ငလိုက်ဆည် ရေဝေရေလဲဧရိယာ ရေစီးဆင်းမှု ကောင်းမွန်စေရေး၊ မြေဆီလွှာ ထိန်းသိမ်းနိုင်ရေးတို့အတွက် သစ်ပင်များ စုပေါင်းစိုက်ပျိုးကြသည်။

 

အဆိုပါ ငလိုက်စခန်းသာ ဆင်စခန်းဝင်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးရာတွင် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီ၊ ယမနေ၊ စစ်၊ မန်ဂျန်ရှား စသည့် သစ်မျိုး ခုနစ်မျိုး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)