ငလျင်ဒဏ်ခံ မိသားစုများအတွက် တစ်စုလျှင် ရူပီး ၅၀၀၀၀ ပေးရန် နီပေါအစိုးရ ဆုံးဖြတ်

ခတ္တမန္ဒူ    နိုဝင်ဘာ   ၁၃

နီပေါအစိုးရသည် နိုဝင်ဘာ ၃ ရက်က လှုပ်ခဲ့သော ငလျင်ကြောင့် အိုးအိမ်ဆုံးရှုံးခဲ့သော မိသားစုဝင် များအတွက် မိသားစု တစ်စုလျှင် ရူပီး ၅၀၀၀၀  (အမေရိကန် ဒေါ်လာ  ၃၇၀  ခန့်)  ကို  ပေးအပ်ရန် နိုဝင်ဘာ ၁၃ ရက်က ဆုံးဖြတ်ခဲ့သည်။  ငလျင်ဒုက္ခသည်များအတွက်  အိုးအိမ်များ အခိုင်အမာ တည်ဆောက်မပြီးခင် အချိန်အထိ ငလျင်ရန်ပုံငွေအသုံးပြုပြီး ယာယီ နားခိုရာနေရာများ တည်ဆောက် ပေးရန် ဝန်ကြီးအဖွဲ့အစည်းအဝေးက သဘောတူခဲ့သည်။

ငလျင်ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေသည် ရူပီး ၁၀ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၇၅ သန်း) ရှိပြီး ငလျင် အတွင်း     ပျက်စီးသွားသော      အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းစဉ်များ အတွက်   အသုံးပြုရန်လည်းပါသည်။   ရန်ပုံငွေ  မလုံလောက်သေးသောကြောင့် တစ်ဦး တစ်ယောက် ချင်းစီအနေဖြင့် လည်းကောင်း၊    အသင်းအဖွဲ့အနေဖြင့် လည်းကောင်း၊   နိုင်ငံတကာအသိုင်းအဝိုင်း များအနေဖြင့်လည်းကောင်း   ထပ်မံထည့်ဝင်လှူဒါန်းရန် အစိုးရက တိုက်တွန်းထားသည်။

သုံးလကြာပြီးနောက်  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်     ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးနှင့်  အစိုးရပြောရေး ဆိုခွင့်ပုဂ္ဂိုလ် ရီကာရှာမာက ပြောသည်။ နိုဝင်ဘာ ၃ ရက်ညက နီပေါနိုင်ငံ အနောက်ပိုင်း  ဂျဂျာကော့နှင့်  ရူကွန်အနောက်ပိုင်း များ၌ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင် လှုပ်ခဲ့ရာ ၁၅၄ ဦးသေဆုံးခဲ့ပြီး ၃၆၆ ဦး ဒဏ်ရာရရှိခဲ့သည်။ လူနေအဆောက်အအုံ ပေါင်း ၆၂၀၁၂ ခု ပျက်စီးခဲ့သည်။ 

ဆင်ဟွာ