ငါးနှစ်အတွင်း ၂၀၁၉ ခုနှစ်ဟာ အပူဆုံးနှစ်ဖြစ်လာ

၂၆ စက်တင်ဘာ

 

ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံစားနေရတဲ့ ကမ္ဘာမြေကြီးမှာ ၂၀၁၉ခုနှစ်ဟာ ငါးနှစ်အတွင်းမှာ အပူဆုံးနှစ်ဖြစ်ကြောင်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဖြန့်ချိတဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။

 

ကမ္ဘာ့အပူချိန်ကို ၂၀၁၅-၂၀၁၉ ခုနှစ်လေ့လာရာ ၂၀၁၉ ခုနှစ်က အပူဆုံးနှစ်ဖြစ်ကြောင့် ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောပါတယ်။ အပူချိန်ဟာ စက်မှုခေတ်(၁၈၅၀-၁၉၀ဝ) မတိုင်မီ ကထက် ၁.၁ ဒီဂရီ စင်တီဂရိတ် များပြီး ၂၀၁၁-၂၀၁၅ ခုနှစ်ကထက် ဝ.၂ ဒီဂရီ စင်တီဂရိတ် ပိုများတာကို တွေ့ရပါတယ်။ ၂၀၁၅-၂၀၁၈ လေးနှစ်တာ ဟာ ၁၈၅၀ ကနေစပြီး လေ့လာမယ်ဆိုရင် အပူဆုံးနှစ်ဖြစ်ကြောင်း တွေ့ရပေမယ့် ၂၀၁၉ ခုနှစ်ဟာ အဲဒီလေးနှစ်တာ ထက် ပိုပြီး ပူပြင်းတာကို တွေ့ရပါတယ်။

 

၂၀၁၉ ခုနှစ်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုဟာ ၂၀၁၈ ခုနှစ်ကထက် နှစ်ရာခိုင်နှုန်းများရာ တန်ချိန် ၃၇ ဘီလီယံ ထုတ်ခဲ့တာကို တွေ့ရပါတယ်။

 

လာမယ့်နှစ်တွေမှာ အပူချိန်ဟာ ၂.၉ - ၃.၄ ဒီဂရီ စင်တီဂရိတ်အထိ ပိုပြီး များနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 

ဒီထုတ်ပြန်ချက်က တနင်္လာနေ့မှာ ကျင်းပမယ့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲမတိုင်ခင် တစ်ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံ့ခေါင်းဆောင်ပေါင်း ၆၀ ကျော်တက်ရောက်မှာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP