ငဖဲ၊ တာချီလိတ်၊ သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၀ မတ်

မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၉ ရက် ညပိုင်းက ငဖဲမြို့နယ်၊ ပဒါန်း(ပျဉ်းဝ)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရှာဖွေရာ ခရီးသည် လှသိန်း၏ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၉,၅၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း  အဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာ အုပ်စု၊ မိုင်းဟိကျေးရွာ၊ ပန်ဟတ်-မိုင်းဟိကျေးရွာ သွားလမ်းတွင် ဒေါ်နန်းကျောက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊

ထို့အတူ ည ၁၁နာရီခွဲက  သိန္နီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ပိန်ဆာ ကျေးရွာ အုပ်စု၊ ပန်စုံကျေးရွာနေ စိုးအောင်၏နေအိမ်ကိုရှာဖွေရာ နေအိမ်ခြံဝင်း အတွင်းရပ်တန့်ထားသော ALPHARD အမျိုးအစား မော်တော်ယာဉ်ပေါ်ရှိ ပလတ်စတစ်ပီပါ ၈ လုံးအတွင်းမှ အက်စီတစ် အင်ဟိုက်ဒြိုက် ၁၄၄၀ လီတာနှင့် ကဖင်း ကီလို ၂၀ဝ တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်