ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံမှ ပျိုးထောင်ရေများ စတင်ပေးဝေ

ငဖဲ        ဇူလိုင်      

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ ဆည်ရေသောက် ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက ၂၉၇၁ ဧကအတွက် စတင်ပျိုးထောင် စိုက်ပျိုးနိုင်ရန် ဇူလိုင် ၁ ရက်မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။

 

မန်းချောင်းရေလှောင်တမံ ဆည်ရေသောက် ဧရိယာရှိ မြောင်းလက်တံအလိုက် မိုးစပါးစိုက်ပျိုးရန် လျာထားမှုမှာ လက်ဝဲမြောင်းမကြီးရှိ ကျေးရွာအုပ်စု ခြောက်အုပ်စု ကွင်း ၁၄ ကွင်းတွင် လျာထားဧက ၁၀၀၀၊ လက်ယာမြောင်းမကြီး တစ်လျှောက်ရှိ ကျေးရွာအုပ်စု ခုနစ်အုပ်စု ကွင်း ၁၅ ကွင်းတွင် လျာထားဧက ၁၉၇၁ ဧက စုစုပေါင်း ၂၉၇၁ ဧကနှင့် ရင်းရှည်တမံ ဆည်ရေသောက်ဧရိယာရှိ ကျေးရွာအုပ်စု နှစ်အုပ်စု ကွင်း လေးကွင်တွင် လျာထားဧက ၁၉၈ ဧက စုစုပေါင်း ကျေးရွာအုပ်စု ၁၅ အုပ်စု ကွင်း ၃၃ ကွင်းတွင် မိုးစပါးများ ပျိုးထောင်စိုက်ပျိုးနိုင်ရန် လျာထားဧက ၃၁၆၉ ဧက လျာထားကြောင်း သိရသည်။

မယု(ငဖဲ)