ငဖဲမြို့နယ် ထန်းကိုင်းကျေးရွာ၌ နဂါးမောက်သီးများ စိုက်ပျိုးအောင်မြင်

ငဖဲ        ဩဂုတ်        ၅

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ချောင်းဖြူကျေးရွာအုပ်စု၊ ထန်းကိုင်းကျေးရွာ၏ မြောက်ဘက် ငဖဲ-စေတုတ္တရာ ကားလမ်းဘေးရှိ ကိုင်းမြေတွင် မြေအောက်ရေကို အသုံးပြုပြီး နဂါးမောက်ပင်များကို စိုက်ပျိုးရောင်းချလျက်ရှိရာ အသီးများ အောင်မြင်ဖြစ်ထွန်း၍ ရောင်းအားကောင်းကာ မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း နဂါးမောက် စိုက်ပျိုးရောင်းချသူ တောင်သူ ဦးမောင်ဝင်းထံမှ သိရသည်။

 

ထန်းကိုင်းကျေးရွာ မြောက်ဘက်ရှိ ကိုင်းမြေ ၃ ဧကတွင် နဂါးမောက်ပင် ၁၀၀၀ ကျော်ကို စိုက်ပျိုးထားပြီး နဂါးမောက်သီးများကို ငဖဲမြို့မဈေးသို့ ဖောက်သည်ဈေးဖြင့် ပေးပို့ရောင်းချရသကဲ့သို့ ခြံသို့လာရောက် ဝယ်ယူသူများလည်းရှိကြောင်း၊ နဂါးမောက်သီးတစ်လုံးလျှင် ငွေကျပ် ၃၅၀ မှ ၇၀၀ ထိ ရောင်းချရပြီး တစ်ရက်ခူးလျှင် အလုံး ၄၀၀ ကျော် ခူးဆွတ်ရောင်းချရကြောင်း၊ မိသားစုစီးပွားရေး အဆင်ပြေသည့်အတွက် ဆက်လက်တိုးချဲ့ စိုက်ပျိုးထားကြောင်း ထန်းကိုင်းကျေးရွာမှ တောင်သူဦးမောင်ဝင်းက ပြောပြသည်။

 

မယု(ငဖဲ)