ငဖဲမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

ငဖဲ  ဇန်နဝါရီ ၄

    
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားကို ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄နာရီ မိနစ်၂၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အလံတင်အခမ်းအနားသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ အလေးပြုခဲ့ ကြသည်။
        
ဆက်လက်၍ ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို နံနက် ၇နာရီအချိန်တွင်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂၀၂၃ ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ဖတ်ကြား၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူ(၃)ဦးအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို တက်ရောက်လာကြသောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား / သူများအားဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)