ငပလီမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ငပလီ မေ ၂၀

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ သန့်ရှင်းသာယာလှပ​​ရေး မိုခါမုန်တိုင်းကြောင့် ကျိုးကျခဲ့သော သစ်ကိုင်း၊ သစ်ရွက်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှူရေးအသင်းအဖွဲ့များနှင့် တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀၀ ခန့်က စုပေါင်း၍ ငပလီမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ငပလီ​မြို့ အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီး ဦးနိုင်လင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။

 

ငပလီ(ပြန်/ဆက်)