ငပုတော မေ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် မြစ်ဧရာ မွေး/ထွေ သမဝါယမအသင်းက လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရယူဆောင်ရွက်သော (သက်တံ့ရောင်စီမံကိန်း) နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာရှိ မြစ်ဧရာ မွေး/ထွေ သမဝါယမအသင်းမှ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရယူဆောင်ရွက်သော (သက်တံ့ရောင်စီမံကိန်း) နွားမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသူ အသင်းသား ငါးဦး မွေးမြူသော နွားကောင်ရေ ၁၀ ကောင်မှ ထပ်မံပေါက်ပွားသော နွားသားပေါက်ကောင်ရေ ၁၃ ကောင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)