ငပုတောမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေ ၁၁၇၀ အောင်မြင်

ငပုတော ၈ ဇွန်


      
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံး အပါအဝင် အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကျောင်းခွဲများတွင်၂၀၁၈-၂၀၁၉ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများ အောင်စာရင်းကို ယနေ့နံနက် ၆နာရီမှစ၍ ထုတ်ပြန်ထားကြောင်းသိရသည်။

 

ငပုတောမြို့နယ်အတွင်းရှိ စာစစ်ဌာန ၁၂ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၄၀၅၅ ဦး ရှိသည့်အနက်မှ ကျောင်းသားဦးရေ ၁၁၇၀ အောင်မြင်ခဲ့ကာ အောင်ချက်ရာနှုန်းအားဖြင့် ၂၈.၈၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂုဏ်ထူးရရှိသူဦးရေမှာလည်း ၁၇၁ ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)