နီကိုလက်ပီပီအား မန်ယူ၊ဘိုင်ယန်နှင့် အာဆင်နယ် စိတ်ဝင်စားနေ

၂၁  မေ

 

လိုင်လီတောင်ပံကစားသမား နီကိုလက်ပီပီသည် ယခုနှစ်နွေရာသီတွင် အသင်းမှ ထွက်ခွာမည်ဖြစ်ပြီး မန်ယူအသင်း၊ အာဆင်နယ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

 

အသက် ၂၃ နှစ်အရွယ်ရှိ နီကိုလက်ပီပီသည် ယခုနှစ်ဘောလုံးရာသီတွင် ပြင်သစ်ကလပ်လိုင်လီအသင်း အတွက် ၂၁ ဂိုး သွင်းယူပေးထားကာ ၁၃ ဂိုးအထိ ဂိုးဖန်တီး ပေးထားနိုင်ခဲ့သူဖြစ်သည်။

 

တောင်ပံကစားသမား နီကိုလက်ပီပီသည် စနေနေ့က လိုင်လီအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီ၏ နောက်ဆုံးပွဲစဉ်တွင် ပါဝင်ကစားပေးခဲ့ပြီးနောက် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း နည်းပြ ဂယ်တီယာက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် လိုင်လီအသင်းနည်းပြ ဂယ်တီယာက လာမည့်ဘောလုံးရာသီအတွက် အသင်းပြောင်းရွှေ့ ကစားမည်ဆိုပါက အသင်းကို ဂရုတစိုက်ရွေးချယ်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။

 

ငွေကြယ်