နီကိုးလပ်ကေ့ဂျ်၏ 10 Double Zero  “ ရုပ်ရှင်ရိုက်ကူးမှုတွင် နှောင့်နှေးမှုများဖြစ်ပေါ်

၇ သြဂုတ်

နီကိုးလပ်ကေ့ဂျ်ရဲ့ဇာတ်ကားသစ်ဖြစ်တဲ့ 10 Double Zero ကို Baton Rouge မြို့လယ်ကောင်မှာ အခုသီတင်းပတ်အတွင်းမှာပဲ ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် ရိုက်ကူးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီဇာတ်ကားမှာနီကိုးလပ်ကေ့ဂျ်ဟာ စုံထောက်အဖြစ် သရုပ်ဆောင် သွားမှာပါ။ ဇာတ်လမ်းထဲမှာရဲအချို့အသတ်ခံရပြီးတဲ့နောက် နီကိုးလပ်ကေ့ဂျ်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တို့ဟာ ဒီအမှုကို ဖော်ထုတ်ကြမယ့် ဇာတ်လမ်းပါပဲ။

ဒီဇာတ်ကားရဲ့ထုတ်လုပ်သူ ဘရန့်ဂျေဆင်ကတော့ ဇာတ်ကားရိုက်ကူးမှုကို နှစ်ပတ်ကြာ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာနက ညွှန်ကြားရေးမှူးဒေးဗစ်ကတော့ မြို့ကအုပ်ချုပ်ရေးအဖွဲ့သားတွေဟာ 10 Double Zero ဇာတ်ကားရိုက်ရာမှာ လမ်းပိတ်မှုတွေဖြစ်ပေါ်လာမှာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို လွန်ခဲ့တဲ့သီတင်းပတ်တွေက ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ ရုပ်ရှင်အဖွဲ့သားတွေဟာ မြို့လယ်ကောင်မှာ ငါးရက်ကြာဇာတ်ကားရိုက်ဖို့လည်း စီစဉ်ထားခဲ့ပါတယ်။ မြို့ထဲလမ်းတွေ ပိတ်ထားစဉ် တခြားလမ်းတွေကသွားလာလို့ အဆင်ပြေအောင်လည်း လမ်းညွှန်ဆိုင်းဘုတ်တွေ တပ်ထားရမှာဖြစ်လို့ အဲဒီအတွက်လည်း အချိန်ယူ လုပ်ကိုင်ရမယ်လို့ ဒေးဗစ်က ပြောပါတယ်။ မြို့လယ်ကောင်မှာ ရိုက်ကူးမယ့် အခန်းတွေမှာတော့ စတန့်သရုပ်ဆောင်တွေရဲ့ ပစ်ခတ်ခန်းတွေ၊ အသေးစား ပေါက်ကွဲမှုတွေ ပါဝင်မယ်လို့ သိရပါတယ်။ 

သည် အက်ဗိုဂိတ်