နီပေါနိုင်ငံ၏ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်ကိုတာအား ရွေးချယ်တင်မြှောက်

ခတ္တမန္ဒူ  ၂၈ ဇန်နဝါရီ

နီပေါနိုင်ငံတွင် လက်ရှိအာဏာရ နီပေါကွန်မြူနစ်ပါတီ၏ အကြီးတန်းခေါင်းဆောင် အဂ္ဂနီပရာဆတ် ဆက်ကိုတာအား နီပေါအောက်လွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် ဇန်နဝါရီ ၂၆ ရက်က ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၆ ရက်က အောက်လွှတ်တော်အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် အောက်လွှတ်တော် အကြီးတန်းအဖွဲ့ဝင် မဟန်သာသာကာ က ဆက်ကိုတာအား ဖက်ဒရယ်ပါလီမန် အောက်လွှတ်တော်၏ဥက္ကဋ္ဌသစ်အဖြစ်ကြေညာခဲ့သည်။ ဆက်ကိုတာသည် အဆိုပါရာထူးနေရာအတွက် အာဏာရပါတီ၏ ယခင်ဥက္ကဋ္ဌလည်းဖြစ် လက်ထောက်ပါလီမန်ခေါင်းဆောင်လည်းဖြစ်သည့် စူဘက်ရှ် ချိန်ဒရာ နမ်ဘန်ကဆက်ကိုတာအား အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ရန် အဆိုပြုခဲ့သည်။

နီပေါ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ကရစ်ရှနား ဗဟာဒူးမာရာအား ဖြုတ်ချခဲ့ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ အောက်လွှတ်တော် ဥက္ကဋ္ဌနေရာတွင် လစ်လပ်နေခဲ့ရာမှ ယခုတစ်ဖန် ဆက်ကိုတာအား ရာထူးခန့်အပ်ခဲ့သည်။

ဆင်ဟွာ