နီပေါနိုင်ငံ၌ ကျိုင်းကောင်များကျရောက်မှုကြောင့် ကောက်ပဲသီးနှံစိုက်ခင်း ဟက်တာပေါင်း ၁၁ဝဝအထိပျက်စီး

ခတ္တမန္ဒူ   ၆  ဇူလိုင်

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အိန္ဒိယနိုင်ငံမှ နီပေါနိုင်ငံသို့ ပျံ့နှံ့ရောက်ရှိလာသည့် ကျိုင်းကောင်များကြောင့် နီပေါရှိ ကောက်ပဲသီးနှံစိုက်ခင်း ဟက်တာပေါင်း ၁၁၀၀ ကျော်အထိ ပျက်စီးခဲ့ရကြောင်း သိရသည်။

ကျိုင်းကောင်များ၏ဖျက်ဆီးမှုကြောင့် ကောက်ပဲသီးနှံ စိုက်ခင်းပေါင်း ၁၁၁၈ ဟက်တာအထိ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း နီပေါနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေး လက်အောက်ရှိ သီးနှံအပင်များ သီးသန့်စောင့်ကြည့်မှုနှင့် ပိုးသတ်ဆေးအသုံးပြုမှု စီမံခန့်ခွဲရေးစင်တာ၏ ဖော်ပြချက်အရ သိရသည်။

ထိခိုက်ပျက်စီးမှုမှာ နည်းသည်ဟု ဆိုနိုင်သော်လည်း ကျိုင်းကောင်များသည် နီပေါနိုင်ငံတစ်ဝန်း ဒေသပေါင်း ငါးခုတို့ရှိ ကောက်ပဲသီးနှံခင်းများတွင် ကျရောက်လျက်ရှိပြီး သီးနှံများကိုဖျက်ဆီးနေကြောင်း ကျိုင်းကောင်များ ကျရောက်မှုဆိုင်ရာ သတင်းအချက်အလက်စင်တာမှ လုပ်ငန်းညှိနှိုင်းဆောင်ရွက်သူ ရမ်ခရစ်ရှနာ ဆပ်ဘီဒီက ပြောကြားခဲ့သည်။

နီပေါရှိ ဒန်ဒေသ၌ ကောက်ပဲသီးနှံစိုက်ခင်း ဟက်တာ ပေါင်း ၅၈၀ အထိ ကျိုင်းကောင်များကြောင့် ပျက်စီးခဲ့ပြီး ပူသန်ဒေသ၌ စိုက်ခင်းပေါင်း ၂၈၃ ဟက်တာအထိထိခိုက် ပျက်စီးခဲ့ကာ မက်ဝမ်ပါ၊ အာဂါခန်ချီနှင့် ပယ်လ်ပါဒေသ တို့တွင် သီးနှံစိုက်ခင်းပေါင်း ၁၀၅၁၀၀ အထိ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆင်ဟွာ