နီပေါနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ၂၇ ဦး သေဆုံး

ဇွန် ၂၇

နီပေါနိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ်နှစ်ပတ်အတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၂၇ ဦး ရှိကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

ခရိုင်လေးခုတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ကိုးဦးသေဆုံးပြီး အခြား ဆယ်ဦးဒဏ်ရာရရှိခဲ့သည်။ အခြားခရိုင်နှစ်ခုတွင်  မိုးကြိုးပစ်မှုများကြောင့် အခြားငါးဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်များက ပြောကြားသည်။

ရေကြီးရေလျှံမှုများကြောင့် နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။ နီပေါနိုင်ငံသည် တောင်ထူထပ်သော နိုင်ငံဖြစ်သဖြင့် စက်တင်ဘာလကုန်အထိ သို့မဟုတ် အောက်တိုဘာလအစောပိုင်းအထိ မုတ်သုံရာသီဖြစ်လေ့ရှိရာ ယခုနှစ်အတွင်း  သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် လူပေါင်း ၁ ဒသမ ၈ သန်းကျော် ထိခိုက်နိုင်သည်ဟု သက်ဆိုင်ရာအာဏာပိုင်များက သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို