နီပေါနိုင်ငံတွင် လူ ၂၂ ဦး လိုက်ပါလာသော ပြည်တွင်းလေယာဉ်တစ်စင်း ပျောက်ဆုံးနေ

ခေတ္တမန္ဒူ မေ ၃၀

 

နီပေါနိုင်ငံ ပိုခါရာလေဆိပ်မှ မူစတန်ခရိုင် ဂျွန်ဆမ်လေဆိပ်သို့ ပျံသန်းသော ခရီးသည် ၂၂ ဦး လိုက်ပါသည့် ခရီးသည်တင် လေယာဉ်တစ်စင်းသည် မေ ၂၉ ရက် နံနက်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသန္တရအစိုးရ အရာရှိတစ်ဦးက ပြောသည်။

 

Tara Air လေကြောင်းလိုင်း ပိုင်ဆိုင်သော အဆိုပါခရီးသည်တင် လေယာဉ် ပျောက်ဆုံးနေကြောင်း လက်ထောက်ခရိုင်မှူး ရှီဗာပါရာဆတ်ရီဂျဲလ်က ဆင်ဟွာသို့ ပြောကြားသည်။ အဆိုပါ လေယာဉ်တွင် ခရီးသည် ၁၉ ဦး နှင့် လေယာဉ်အမှုထမ်း သုံးဦး ပါရှိကြောင်း သိရသည်။

 

အဆိုပါ လေယာဉ်သည် ပိုခါရာလေဆိပ်မှဒေသစံတော်ချိန် နံနက် ၉ နာရီ ၅၅ မိနစ်တွင် ပျံသန်းသွားကြောင်း၊ ဂျွန်ဆမ် လေဆိပ်သို့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ပြန်လည်ဆင်းသက်ရမည် ဖြစ်သော်လည်း လေယာဉ်ပျံတက်ပြီး မိနစ်အနည်းငယ်အကြာတွင် လေကြောင်းထိန်းသိမ်းရေး မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ရီဂျဲလ်က ပြောသည်။

 

ဆင်ဟွာ