နိကာယ်စာမေးပွဲကျင်းပမည်

နေပြည်တော် မေ ၁၃

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ၂၀၂၄ ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲကို ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁ ရက်မှ ၅ ရက်အထိ (၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက်မှ ၁၁ ရက်အထိ) ငါးရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေဌာနများ၌ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုရမည့် ကျမ်းစာအလိုက် သတ်မှတ်ထားသောရက်အတိုင်း နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။

 

စာမေးပွဲအချိန်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့ရုံးများသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်