နိုင်ဂျီးရီးယား အရှေ့တောင်ပိုင်းတွင် ဘတ်စ်ကား တိမ်းမှောက်မှု ဖြစ်ပွား လူသုံးဦးသေဆုံး၊ လေးဦး ဒဏ်ရာရ

၂၉ ဇန်နဝါရီ

 

 

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အီဘိုနီး ပြည်နယ်တွင် ယမန်နေ့က ထိုင်ခုံ ၁၈ ခုံပါ ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပြီး အခြားလေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

 

 

ထိုဘတ်စ်ကား အရှိန်ပြင်းစွာ မောင်းနှင်နေစဉ် ကားတာယာ ကွဲထွက်ကာ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လဗ်ရှ် အိုဒက်ရှ်က သတင်းထောက်များကို ပြောကြားသည်။

 

 

ယင်းဘတ်စ်ကား တိမ်းမှောက်မှုကြောင့် ဒဏ်ရာရှိသော သူများသည် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

 

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့သည်။

 

 

နိုင်ဂျီးရီးယားတွင် လမ်းများ ကောင်းမွန်မှု မရှိခြင်း၊ မော်တော်ယာဉ်များ ကြံ့ခိုင်မှု မရှိခြင်းနှင့် ယာဉ် မဆင်မခြင် မောင်းနှင်မှုတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို