နိုင်ဂျီးရီးယားတွင် လက်နက်ကိုင်အုပ်စု တိုက်ခိုက်မှုကြောင့် ၆၅ ဦးထက်မနည်း သေဆုံး

၂၉ ဇူလိုင်

 


ဈာပနတစ်ခု လာရောက်ကြသူများကို နိုင်ဂျီးရီးယားရှိ လက်နက်ကိုင်အုပ်စုတစ်စုက တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 


စနေနေ့က အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ ဈာပနတစ်ခုမှ ပြန်လာကြသူများကို မော်တော်ဆိုင်ကယ်များနှင့် ဗန်ကားများပေါ်မှ လက်နက်ကိုင်များက ပစ်ခတ်ခဲ့သည်ဟု ရိုက်တာ သတင်းဌာနနှင့် အခြားမီဒီယာက ဆိုသည်။

 


မည်သူ့လက်ချက်ဆိုသည်ကို ယခုချိန်ထိ မသိရှိရသေးသော်လည်း ထိုတိုက်ခိုက်မှုတွင် ဘိုကိုဟာရမ် အစ္စလာမ်မစ် စစ်သွေးကြွများ ပါဝင်ကြောင်း  သံသရှိသည်ဟု ဒေသန္တရ တာဝန်ရှိသူများက ဆိုသည်။

 


၎င်းနယ်မြေ ရှိ အပြစ်မဲ့အရပ်သားများ ကို ထိုပြည်နယ်တွင် အခြေစိုက်သော ယင်းအုပ်စု က ပစ်မှတ်ထား တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။၂၀၁၄ ခုနှစ် က စာသင်ကျောင်း တစ်ခု မှ မိန်းကလေးဦးရေ ၂၀ဝ ကျော်ကို အစွန်းရောက်သမားများက ပြန်ပေးဆွဲခဲ့ကြသည်။

 


နိုင်ဂျီးရီးယားအစိုးရက ဘိုကိုဟာရမ်အုပ်စုကို ချေမှုန်းရန် ယင်းဒေသတွင် စစ်တပ်ဖြန့်ချထားခဲ့ပြီး ဘော်နို နှင့် အခြားသောအရှေ့မြောက်ပိုင်း ပြည်နယ်နှစ်ခုကိုအရေးပေါ်နယ်မြေတစ်ခုအဖြစ် ကြေညာခဲ့သည်။  

 


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို