နိုင်ငံအချို့မှ ခရီးသွားများဝင်ရောက်မှု ဖိလစ်ပိုင်ပိတ်ပင်

နိုဝင်ဘာ ၂၉

 

ဖိလစ်ပိုင်အစိုးရက အချို့သောနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်ရန် ဆုံးဖြတ်ထားခြင်းကို ပြန်လည်ပယ်ဖျက်ခဲ့သည်။

 

ယင်းဆောင်ရွက်ချက်သည် အာဖရိကနှင့် ဥရောပတို့တွင် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

အစိုးရက ထိုရောဂါကူးစက်ပျံ့နှံ့မှုသည် တစ်ကျော့ပြန်လည်ဖြစ်ပွားလာသည်ဟု ယမန်နေ့က ထုတ်ဖော်ပြောကြားသည်။

 

ဗုဒ္ဓဟူးနေ့ကစတင်ကာ ရောဂါကူးစက်မှုနည်းပါးသောနိုင်ငံနှင့် ဒေသပေါင်း ၃၀ ခန့်မှ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးသော နိုင်ငံခြားခရီးသွားများအား စတင်လက်ခံရန်အစီအစဉ်တစ်ခုကို ကြေညာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ယင်းဖြစ်ရပ် ဖြစ်လာခဲ့သည်။

 

အီတလီနှင့် နယ်သာလန်နိုင်ငံတို့အပြင် ဘော့ဆွာနာနှင့် တောင်အာဖရိက နိုင်ငံအပါအဝင် အာဖရိကနှင့် ဥရောပ ၁၄ နိုင်ငံတို့မှခရီးသွားများဝင်ရောက်မှု ပိတ်ပင်ထားကြောင်းကိုလည်း အစိုးရက အတည်ပြုချက်ထုတ်ပြန်ခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို