နိုင်ငံ့စီးပွား၊ ဒေသစီးပွား တိုးတက်ရေးအထောက်အကူပြုစေမည့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း

သတင်းဆောင်းပါး - ဗညားဦး

မြင့်မားလွန်းလှသည့် ပတ်ကွိုင်တောင်ကြောနှင့်အတူ ထူထပ်သိပ်သည်းသည့်   မိုးသစ်တောများအတွင်း ဖြတ်သန်းဖောက်လုပ်ထားသည့် လီဒိုလမ်းမကြီးသည် ကမ္ဘာကျော်လမ်းမကြီးတစ်ခုဖြစ်သည်။   လီဒိုလမ်းမကြီး သည် အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးတစ်ခုပင်။ ယင်းလမ်းမကြီးသည် လမ်းမိုင်အရှည် ၁၀၇၉ မိုင် ရှည်လျားသည်။ အဆိုပါလမ်းမကြီးသည် အိန္ဒိယနိုင်ငံမှအစပြု၍ မြန်မာနိုင်ငံ၌  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပန်ဆောင်မြို့၊ နန်းယွန်းမြို့နယ်၊ ကချင်ပြည်နယ်အတွင်း ရှင်ဗွေယန်မြို့၊ တနိုင်းမြို့နယ်၊ နမ္မတီးမြို့၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်များကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ထိစပ်ထားသည်။

ယင်းလမ်းမကြီး၏      အစိတ်အပိုင်းအဖြစ် နမ္မတီး- တနိုင်း- ပန်ဆောင်လမ်းသည်  ပါဝင်နေ သည်။  နမ္မတီး- တနိုင်း- ပန်ဆောင်လမ်းသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရာတွင် အရေးပါ သည့် လမ်းမကြီးဖြစ်သည့်အတွက် ပြည်ထောင်စု လမ်းမကြီး(National Highway NH-49) လမ်း အဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနသည်   လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို   ဘဏ္ဍာနှစ် အလိုက် လျာထားသတ်မှတ် ဆောင်ရွက်လျက်ရှိ သည်။

လမ်းများကို အာဆီယံအဆင့်(၃) ရောက်ရှိရန် ရည်မှန်းအကောင်အထည်ဖော်

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဦးစီးဌာန နှင့် တံတားဦးစီးဌာနတို့သည် ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိလမ်းမိုင် ၂၆၆၂၃ မိုင် (၄၂၉၄၀ ကီလိုမီတာ) ကျော်ရှိ လမ်းများကို အာဆီယံအဆင့်(၃) အကျယ်  ၁၈ ပေ   ကတ္တရာလမ်း၊  ကွန်ကရစ်လမ်းအဆင့် အနည်းဆုံးရောက်ရှိရန်နှင့် ၂၀၃၀  ပြည့်နှစ်တွင် တံတားများအားလုံး အကျယ် ၂၄ ပေ နှစ်လမ်းသွား    သံကူကွန်ကရစ်တံတား၊ ကြိုတင်အားဖြည့် သံကူ ကွန်ကရစ်တံတား၊ သံမဏိ  သံပေါင်တံတားများ  အဆင့်ရောက်ရှိရန်  ရည်မှန်းအကောင်အထည်ဖော်  နေခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်မှုတစ်ခုအနေဖြင့် နမ္မတီး-တနိုင်း- ပန်ဆောင်လမ်း   အဆင့်မြှင့်တင်ခြင်းကို တနိုင်းခရိုင်နှင့် မိုးညှင်းခရိုင် လမ်းအထူးအဖွဲ့(၁)နှင့် လုပ်ငန်းတင်ဒါစနစ်ဖြင့် ကုမ္ပဏီများက တာဝန် ယူကာ လုပ်ငန်းများ   ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန လမ်း အထူးအဖွဲ့(၁)မှ သိရသည်။

နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း၏    ကချင် ပြည်နယ်အပိုင်းသည် နမ္မတီးမိုင်(ဝ/၀)မှ တဂတ်ခ (ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးစပ်)မိုင် (၁၄၄/၁) အထိ စုစုပေါင်း ၁၁၄ မိုင်  တစ်ဖာလုံ ရှည်လျားသည်။ 

ကွန်ကရစ်လမ်းမကြီးဖြစ်လာအောင် ဆောင်ရွက်သွားမှာဖြစ်

“၂၀၂၁-၂၀၂၂  မီနီ    ဘဏ္ဍာနှစ်ကုန်အထိ ကတော့ ဒီလမ်းဟာ AC လမ်း မိုင် ၂၀၊ ကွန်ကရစ် လမ်း ၁၉ မိုင် နှစ်ဖာလုံ၊ ကတ္တရာလမ်း ရှစ်မိုင် ခြောက် ဖာလုံနဲ့ အမာခံလမ်း ၉၇ မိုင် လေးဖာလုံ တည်ရှိတဲ့ လမ်းမကြီးဖြစ်ပါတယ်။ ဒီလမ်းမကြီးကို ဘဏ္ဍာနှစ် အလိုက် အဆင့်မြှင့်တင်ပြီးတော့ ၅ ဒသမ ၅ မီတာ အကျယ်      ကွန်ကရစ်လမ်းမကြီးဖြစ်လာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာ မှာ ပြည်သူ့ဘဏ္ဍာငွေနဲ့  ဆောင်ရွက်ရတာဖြစ်တဲ့ အတွက် နှစ်အလိုက်ဘဏ္ဍာငွေလျာထားပြီး လုပ်ငန်း တွေကို ကြိုးပမ်းဖော်ဆောင်သွားမှာ  ဖြစ်ပါတယ်။   အခု ကတော့  အမာခံလမ်းကို   ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်တာဖြစ်ပါတယ်” ဟု ကချင်ပြည်နယ် လမ်းဦးစီးဌာန    ညွှန်ကြားရေးမှူး      (မြို့ပြ) ဦးတင်မောင်အုန်းက ပြောကြားသည်။

၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ်တွင် ယင်း လမ်းအဆင့်မြှင့်တင်မှုအနေဖြင့်   ကွန်ကရစ်လမ်း လေးမိုင် နှစ်ဖာလုံ၊ ပေ ၅၀ အောက် တံတား ၁၃ စင်း   တည်ဆောက်ခဲ့ကြောင်း   လမ်းဦးစီးဌာနမှ  သိရသည်။ 

လမ်းပိုင်းတွေကို ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်သွားမှာဖြစ်

“အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေနဲ့ ကွန်ကရစ်လမ်း ငါးမိုင် ခုနစ်ဖာလုံ၊ ပေ ၅၀ အောက် တံတား ၂၄ စင်း တည် ဆောက်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဒါကြောင့်   အခုဘဏ္ဍာနှစ်ကုန်ရင်   AC  လမ်း၊ ကွန်ကရစ်လမ်း   စုစုပေါင်း ၅၃  မိုင်   ငါးဖာလုံ ဆောင်ရွက်ပြီးစီးမှာ ဖြစ်ပြီးတော့ ကျန်ရှိတဲ့ အမာခံ လမ်းပိုင်းတွေကိုလည်း ကွန်ကရစ်လမ်းတွေအဖြစ် ဆက်လက်အဆင့်မြှင့်တင်    ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု   ညွှန်ကြားရေးမှူး  (မြို့ပြ)က ပြောသည်။ 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အမာခံ လမ်းအဖြစ်  ကျန်ရှိနေသည့်အပိုင်းများကို နှစ်စဉ် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်လမ်း များအဖြစ်   ဆက်လက်အဆင့်မြှင့်တင်တည်ဆောက် မည်ဖြစ်ပြီး လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း (၅/ဝ)မိုင်၊ လမ်းတာပေါင်တင်ခြင်း (၁/၇)မိုင်၊ ရေထုတ်ပြွန်ခြောက်စင်း တည်ဆောက် ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန် လုပ်ငန်းများ လျာထားကြောင်း သိရသည်။ 


နမ္မတီး - တနိုင်း - ပန်ဆောင်လမ်း၏ နမ္မတီးမြို့ အပိုင်းတွင် နမ္မတီးမြို့မှ လဝါးကျေးရွာ အထိ (၂၀/ဝ)မိုင်မှာ ကတ္တရာကွန်ကရစ် AC လမ်း ၈ ဒသမ  ၅ မီတာ အကျယ်ဖြစ်ပြီး လဝါးကျေးရွာမှ ဆက်၍ ၅ ဒသမ ၅ မီတာအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ဆဲဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး  ပိုမိုလွယ်ကူ လျင်မြန်လာမည်ဖြစ်

ထို့အတူ တနိုင်းမြို့အပိုင်းတွင်လည်း တနိုင်းမှ နမ္မတီးမြို့ဘက်သို့ ၅ ဒသမ ၅ မီတာအကျယ် ကွန်ကရစ်လမ်းများ   အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လုပ်ငန်းစီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ယင်းလုပ်ငန်းများပြီးစီးသွားပါက တနိုင်းခရိုင်နှင့် မြစ်ကြီးနားခရိုင် တို့သည်   လမ်းပန်းဆက်သွယ်ရေး   ပိုမိုလွယ်ကူ လျင်မြန်လာမည်ဖြစ်သည်။

လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့်အတူ တံတား များ အဆင့်မြှင့်တင်ခြင်းကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဖော်ဆောင်လျက် ရှိသည်။ နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းပေါ် တနိုင်း မြို့မှ တနိုင်းတံတားအရှည် ပေ ၉၄၀ နှင့် ဝါရဇွပ် တံတား ပေ  ၅၀၀ တို့သည် မူလက ဘေလီသံပေါင် တံတားအမျိုးအစားဖြစ်ပြီး အကျယ် ၁၃ ပေ ခြောက် လက်မသာ ရှိသဖြင့် မော်တော်ယာဉ်များသွားလာ ရာတွင် တစ်စီးပြီးမှတစ်စီး စောင့်ဆိုင်းသွားခဲ့ရသည့် အခြေအနေ တည်ရှိခဲ့သည်။ 

အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်

ထိုအခြေအနေကို ကျော်လွန်ပြီး ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ၂၄ ပေ အကျယ် တန် ၆ဝ ခံနိုင်ဝန် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား အဖြစ် လမ်းနှင့်အတူ  အဆင့်မြှင့်တင်တည်ဆောက် ပေးနိုင်ခဲ့သည့်အတွက် မော်တော်ယာဉ်များ စောင့်ဆိုင်း နေစရာမလိုဘဲ အဆင်ပြေချောမွေ့စွာ သွားလာနိုင် ခဲ့ပြီဖြစ်သည်။

“တနိုင်း တံတားကိုတော့  ပြည်သူတွေအတွက် အဆင့်မြှင့်တင်ပြီး      ဖြစ်ပါတယ်။     တံတားရဲ့ ကွေ့ကောက်နေတဲ့   ချဉ်းကပ်လမ်းကို  မြေသား တာပေါင်တင်ပြီးတော့ ဖြောင့်တန်းအောင်  ဆောင် ရွက်တဲ့လုပ်ငန်းတွေကိုလည်း တံတားအဆင့်မြှင့်တင် တာနဲ့အတူ  ဆောင်ရွက်ခဲ့ပါတယ်။   တံတားပေါ် ကတ္တရာခင်းတဲ့လုပ်ငန်းလည်း ဆောင်ရွက်ပြီးပါပြီ။   ကျန်ရှိတာကတော့ ချဉ်းကပ်လမ်း ကွန်ကရစ်ခင်း တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုလည်း လာမယ့် ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကွန်ကရစ်လမ်းခင်းမှာ ဖြစ်ပါတယ်” တနိုင်းခရိုင်မှ လက်ထောက်ညွှန်ကြား ရေးမှူး (မြို့ပြ) ဦးကျော်စိုးက ပြောသည်။ 
ထို့အတူ မန်ပန်တံတား အရှည်ပေ ၁၈၀ ကိုလည်း သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည် ဆောက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကုန် တွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်

ဆက်လက်၍  နမ္မတီး - တနိုင်း - ပန်ဆောင် လမ်းပေါ်မှ  အရှည် ပေ  ၂၂၀ ရှိသည့် တံဆိတ်တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်   ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ နမ္မတီး - တနိုင်း - ပန်ဆောင်လမ်း အဆင့်မြှင့်တင်ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ  ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ  ဒေသ ထွက်ကုန်များကို   တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လျင်မြန်စွာ ပို့ဆောင်ကုန်သွယ်နိုင်မည် ဖြစ်သည်။ ထို့အတူ အိန္ဒိယနိုင်ငံ နယ်စပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့ကို  ဖြတ်သန်း၍ ကံပိုက်တီ၊ လွယ်ဂျယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွယ်ကူ စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများနှင့်   ကုန်စည်စီးဆင်းမှု   ပိုမို မြန်ဆန်စေပြီး   နိုင်ငံ့စီးပွား၊ ဒေသစီးပွား   တိုးတက် ရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။      ။