နိုင်ငံခြားရေးဝန်ကြီးဌာန၏  (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော် မတ် ၃

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အလှူ အဖြစ် ဒုတိယဝန်ကြီး ဉီးလွင်ဦး ဦးဆောင်သော ကိုယ်စားလှယ်များသည် ဥပွါတသန္တိ စေတီတော်ြမတ်ကြီး ပထမဖောင်းရစ်တွင် ကပ်လှူပူဇော်ရန် လိုအပ်လျက်ရှိသည့် ရွှေစင်ရွှေပြား (၁)ချပ်လျှင် ငွေကျပ်(၂၅)သိန်းနှုန်းဖြင့် ရွှေစင်ရွှေပြား (၇)ချပ်နှင့် နဝကမ္မ အလှူတော် ငွေကျပ် (၇)သိန်း၊ လှူဒါန်းမှု စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၈,၂၀၀,၀၀၀ိ/- ကို ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ဂေါပကအဖွဲ့ထံသို့ ယနေ့ သွားရောက်လှူဒါန်းသည်။ 

အဆိုပါလှူဒါန်းမှုသည် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများမှ  စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ယခုလှူဒါန်းမှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်ကာ ပထမအကြိမ်အဖြစ် ရွှေစင်ရွှေပြား(၃)ချပ်၊ နဝကမ္မအလှူတော် ငွေကျပ် ၁,၀၄၄,၃၀၀/-၊ အမေရိကန်ဒေါ်လာ ၆၅၀၊ ယူရို ၁,၀၅၀ ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့က လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်