နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်း သင်တန်းဖွင့်လှစ်

ပဲခူး သြဂုတ် ၅

နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင် ပျက်ကွက်ဖော်ထုတ်ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက  အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများက သင်ခန်းစာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား ကြသည်။ သင်တန်းသို့ ပဲခူးတိုင်းဒေသကြီးရှိ ခရိုင်ဦးစီးမှူးများ၊  မြို့နယ်ဦးစီးမှူးများနှင့် FRC အမှုတွဲကိုင် ဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ် ၅ ရက်မှ ၆ ရက်အထိ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်