နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိစ္စ Online Appointment ကြိုတင်ရယူသည့်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သွားမည်ဟု ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးကြေညာ

ရန်ကုန် မေ ၃၁ 

 

ဇူလိုင် ၂၂ ရက်မှစ၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိစ္စကို  သံရုံးသို့ လူကိုယ်တိုင်လာ ရောက်ကြိုတင်ရက်ချိန်းယူသည့် Booking စနစ်မှ Online Appointment စနစ်သို့ ပြောင်းလဲ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေ ၃၁ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာထားသည်။

မြန်မာသံရုံးအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၏ အကျိုး စီးပွားနှင့်ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားမှုများနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သံရုံးကအသိပေးထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း ကိစ္စဆောင်ရွက် နိုင်ရန်အတွက်  မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ကြိုတင်ရက်ချိန်းယူသည့်Booking စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ အချို့ရက်များတွင်သံရုံးသို လာရောက်သူအရေအတွက်သည် လွန်စွာများပြားလျက်ရှိပြီး ကောင်စစ်ဆိုင်ရာအဆောက်အဦး၌ လက်ခံနိုင်သည့်လူဦးရေထက် များစွာ ကျော်လွန်နေသည့်အတွက် လာရောက်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် အချိန်ပေး စောင့်ဆိုင်းရမှုများရှိလာကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်၌ ပါရှိသည်။



ယနေ့အထိ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်ရန်အတွက် လူကိုယ်တိုင်ရက်ချိန်းယူ သည့်စနစ်ဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်အထိ ရက်ချိန်းပေးထားပြီးဖြစ်ကာ ယခုအခါတွင် မြန်မာနိုင်ငံသားများအား ပိုမိုထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် နိုင်ငံသားများ မြန်မာသံရုံးသိုလာရောက်ရသည့် အခက်အခဲများကို လျော့ပါးစေရန် ရည်ရွယ်ကာ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်မှစ၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကိစ္စကို သံရုံးသို လူကိုယ်တိုင်လာရောက် ကြိုတင်ရက်ချိန်းယူသည့် Booking စနစ်မှ Online Appointment စနစ်သို့ ပြောင်းလဲ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။


ကိုရီးယားသမ္မတနိုင်ငံသို ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မေ ၃၁ ရက်မှစ၍ မြန်မာသံရုံးသို လာရောက်လျှောက်ထားလိုသည့် နေ့ရက်အတွက် Online Appointment ကို https://myanmarembassyseoul.setmore.com/myanmar(သိုမဟုတ်)QR Code မှတစ်ဆင့် စတင်၍ ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်းနှင့် အခြားကောင်စစ်ရေးရာ ကိစ္စရပ်များဖြစ်သည့် ထောက်ခံစာ လျှောက်ထားခြင်းကိစ္စများအတွက် ယခင်သတ်မှတ်ထားသည့်အတိုင်း အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့ မွန်းလွဲ(၂)နာရီတွင် သံရုံး၌ ဆက်လက်လက်ခံ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပါရှိသည်။

 

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည့်စာရွက်စာတမ်းများ၊ အခြားသိရှိ လိုသည့် အကြောင်းအရာများအား မြန်မာသံရုံး၏ Website ဖြစ်သည့် https://meseoul.org တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်းလည်း အသိပေးဖော်ပြထားသည်။ Online Appointment ပြု လုပ်ရန်အတွက် https://myanmarembassyseoulsetmore.com/myanmar(သို) QR Code အား Scan  ဖတ်ခြင်းဖြင့် ဝင်ရောက်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသူများအနေဖြင့် တစ်ဦးလျှင် တစ်ကြိမ်နှင့်အထက် လျှောက်ထားလာပါက ရက်ချိန်းများအား လက်ခံစဉ်းစားပေး မည်မဟုတ်ကြောင်း အသိပေးထားသည်။

MT