နိုင်ငံပေါင်း ၂၀ မှ လူပေါင်း ၃၀၀၀၀ ခန့်ပါဝင်သည့် အူလန်ဘာတာ နိုင်ငံတကာမာရသွန်ပြိုင်ပွဲကျင်းပ

အူလန်ဘာတာ မေ ၃၀

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့ရပြီးနောက် ယခု ၂၀၂၂ ခုနှစ်တွင် မွန်ဂိုလီးယားနိုင်ငံ၌ အူလန်ဘာတာ နိုင်ငံတကာ မာရသွန်ပြိုင်ပွဲကို မိုးထဲရေထဲတွင် မေ ၂၈ ရက်က စတင်ကျင်းပခဲ့ ကြောင်း သိရသည်။

 

မွန်ဂိုလီးယားနိုင်ငံ မြို့တော် အူလန်ဘာတာသည်အပြေးသမားများကို ပံ့ပိုးပေးပြီး အပြေးအားကစားကို မြှင့်တင်ပေးသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ နိုင်ငံတကာ မာရသွန်ပြိုင်ပွဲက လူများကို ပြေးရန် တွန်းအားပေးရုံ သာမက ပြည်တွင်းရော ပြည်ပပါ မျှော်လင့်စောင့်စားရသည့် ပြိုင်ပွဲ များထဲမှ တစ်ခုလည်း ဖြစ်လာကြောင်း အူလန်ဘာတာ၏ မြို့တော်ဝန် ဒိုလ်ဂေါလ် ဆူရင် ဆူမီယာဘဇာက မာရသွန်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

 

တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ သံရုံး ဝန်ထမ်းများ၊ ကင်ညာ၊ ကာဇက် စတန်နိုင်ငံတို့မှ ပရော်ဖက်ရှင် နယ် အားကစားသမားများ အပါ အဝင် နိုင်ငံပေါင်း ၂၀ မှ အပြေး သမား ၃၀၀၀၀ ခန့်သည် အပြည့် မာရသွန်၊ တစ်ဝက်မာရသွန်၊ မိသားစုမာရသွန်၊ ဘီးတပ်ကုလားထိုင် မာရသွန်စသည့် ပြိုင်ပွဲအမျိုးအစားများတွင် ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

ဆင်ဟွာ