နိုင်ငံသားတိုင်းမှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင်ပေးရာတွင် ပဲခူး မြို့နယ်အနေဖြင့် လျာထားချက် ကျော်လွန်ပြီဖြစ်

ပဲခူး ဒီဇင်ဘာ ၁၆ 

ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာလုံခြုံမှု ရှိစေရေး လုပ်ဆောင်ရာတွင် သက်ဆိုင်ရာဌာနများနှင့်အတူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၏ ကူညီပံ့ပိုးပေးမှုကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ပြောကြားသည်။

ဒီဇင်ဘာ (၁၅)ရက် နံနက်ပိုင်းက ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ပန်းခင်းစီမံချက်လျာထား ချက် ရာနှုန်းပြည့်အောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က  စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့ မြို့ ရပ်ကွက်/ ကျေးရွာများ လုံခြုံမှုရရှိရေးအတွက် လုံခြုံရေးအမြင်ရှိရန်လိုအပ်ကြောင်း၊  နိုင်ငံ သားတိုင်းမှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင်ပေးရာတွင် ပဲခူး မြို့နယ်အနေဖြင့် လျာထားချက် ကျော်လွန်ပြီဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကိုရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားကြ ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 သတင်းစဉ်