နေပြည်တော် ၁၄ အောက်တိုဘာ
နေပြည်တော်၌ ကျင်းပမည့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးသို့တက်ရောက်ရန် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)ဥက္ကဋ္ဌ ဦးယွက်စစ်နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
(RCSS/SSA)ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား ခေတ္တတည်းခိုမည့်ဟိုတယ်၌ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)