နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာရန် ဖြစ်လာနိုင်ကြောင်း ကိုဗစ်-၁၉ ကူးစက်မှု တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဂျပန်ဝန်ကြီးပြော

တိုကျို ၁ ဇန်နဝါရီ

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့မှု ဆက်လက်တိုးပွားလာပါက အစိုးရအနေဖြင့် နိုင်ငံတော်အရေး ပေါ် အခြေအနေကြေညာရန် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ကိုဗစ် -၁၉ကူးစက်မှု တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ ဂျပန်ဝန်ကြီးက ပြောကြားခဲ့သည်။

စီးပွားရေး ပြန်လည်ဖွံ့ဖြိုးရေး ဝန်ကြီး နီရှီမူရာ ယာစူတိုရှီက ဒီဇင်ဘာ ၃၀ ရက်တွင် တွစ်တာပေါ်၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူလူထု၏ အသက်ကို ကာကွယ် စောင့်ရှောက်ရန်အတွက် အရေးပေါ်အခြေအနေ ကြေညာရန် ထည့်သွင်း စဉ်းစားရဖွယ်ရှိကြောင်း၊ ကုန်ကျစရိတ် မည်မျှရှိစေကာမူ ရောဂါကူးစက်မှုကို ရပ်တန့်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီး နီရှီမူရာ ယာစူတိုရှီက ပြောကြားခဲ့သည်။ ။

ပြည်သူများအနေဖြင့် နှစ်သစ်ကူး အားလပ်ရက် ကာလအတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် နီရှီမူရာက တိုက်တွန်းခဲ့ကြောင်း အပြု အမူများကို ရှောင်ရှားပြီး သိရသည်။ မိမိတို့နေအိမ်၌ မိသားစုနှင့်သာ ဂျပန်နိုင်ငံတွင် ကိုဗစ် -၁၉ အတူတကွ ဖြတ်သန်းကြရန် လူနာများ ပိုမိုတိုးပွားလာသည့် အခြေအနေကြောင့် ဆေးရုံများတွင် ဆေးကုသရေးစနစ် ဖိအားကျရောက် လျက်ရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ