နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   အရိုးရောဂါ အထူးကုဆေးရုံကြီး-ရန်ကုန် တိုးချဲ့ ၅

နေပြည်တော်     ဒီဇင်ဘာ    ၂၉    

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အရိုးရောဂါ  အထူးကုဆေးရုံ ကြီး-ရန်ကုန် တိုးချဲ့ ၅ ထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်း အနားကို  ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသ ကြီး  ကြည့်မြင်တိုင်မြို့နယ်ရှိ  အဆိုပါဆေးရုံကြီး၌  ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ     ဒုတိယတပ်မတော်   ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်း  တက်ရောက်စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အတူ    ပြည်ထောင်စုဝန်ကြီးများ၊   ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊   ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစား   ဆေးပညာရှင်ကြီးများ၊   ကျန်းမာရေး ဝန်ထမ်းများနှင့်     အခြား   ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်     ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကုသရေးဦးစီး ဌာန  ညွှန်ကြားရေးမှူးချုပ်တို့က  တိုးချဲ့ ၅ ထပ် ဆောင်သစ်ဖွင့်ပွဲ    အခမ်းအနားကို     ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်   ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုးချဲ့ ၅ ထပ် ဆောင်သစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်  အဖွဲ့ဝင် များက   ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်အား   အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနှင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေချိန်  တွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေး၊   စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်လျက်ရှိကြောင်း၊     “လူ့အသက်ထက်  အရေးကြီးတာ ဘာမှမရှိဆိုသည့်” နိုင်ငံတော် ဝန်ကြီး  ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်  ချက်နှင့်အညီ   ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လည်း တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေး   စောင့်ရှောက်မှုကို အဓိကတာဝန်တစ်ရပ်အနေဖြင့်  ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ တတိယ   လှိုင်း၊ စတုတ္ထလှိုင်း ရောဂါကူးစက်မှု အဆိုးရွားဆုံး  ကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ရှိသမျှလူ့စွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏ စွမ်းအားများနှင့်      ဆောင်ရွက်ခဲ့သည်ကိုလည်း  အားလုံး   တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊   နိုင်ငံ့အတွက်  စစ်မှန်စည်းကမ်း     ပြည့်ဝသည့်     ပါတီစုံဒီမိုကရေစီ  စနစ်ခိုင်မာစေရေးနှင့်   ဒီမိုကရေစီနှင့်    ဖက်ဒရယ်  စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်  ရေး ဆောင်ရွက်ချိန်တွင် အသိပညာ၊ အတတ်ပညာ  နှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို   မွေးထုတ်ပေးနိုင်ရေးမှာ  အဓိကအခြေခံကျလျက်  ရှိကြောင်း၊       ထိုသို့       မွေးထုတ်ပေးနိုင်ရန်အတွက်  ကျန်းမာရေး    ကောင်းမွန်ကြရန်လိုပြီး   ကျန်းမာ၊  ကြံ့ခိုင်မှ   ဘဝအတွက်   လိုအပ်သည့်     အသိပညာ၊ အတတ်ပညာများကို  ကောင်းမွန်စွာ သင်ယူဆည်းပူး နိုင်မည်ဖြစ်ကာ နိုင်ငံတော်နှင့် မိမိတို့၏  ကိုယ်ကျိုး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကောင်းမွန် စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက်      ပြည်သူများအတွက်    လိုအပ်သည့်     ကျန်းမာရေး စောင့်ရှောက်မှုကို  စနစ်တကျ ဆက်လက်စီမံဆောင် ရွက်ပေးကြရန်  တိုက်တွန်းလိုကြောင်း။

အဆင့်မီတည်ဆောက်ထား

၂၀၂၀  ပြည့်နှစ်မှ   စတင်ကာ     ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုများကြောင့် နိုင်ငံ အားလုံးသည်   ထိခိုက်ဆုံးရှုံးမှုများ   ဖြစ်ပေါ်ခဲ့ရပြီး စီးပွားရေး၊ ပညာရေးသာမက ဆေးကုသရေးလုပ်ငန်း  များတွင်လည်း           ကပ်ရောဂါဖြစ်ပွားမှုကြောင့် နှောင့်နှေးခဲ့ရကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း  အရှိန်အဟုန်နှင့် ဆောင်ရွက်နေရသည့် လုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ် သည့်အတွက် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ သည့် လုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများနှင့် ပြန်လည်ကုစားရာတွင်  ကျန်းမာရေးကဏ္ဍရှိ နှောင့်နှေး ခဲ့ရသည့်    ပုံမှန်   ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကုသရေး    လုပ်ငန်းများ၊    သုတေသနလုပ်ငန်းများ၊ ဆေးပညာသင်ကြားရေးလုပ်ငန်းများကို အင်အား ပြည့်   ဆောင်ရွက်နိုင်ကြရန်အတွက်   အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များမှ ပြည်သူလူထုအပေါ် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးရာတွင်  ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်း ပေးခဲ့ရာ  ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် လည်း ခရိုင်အဆင့် ကုသရေးဦးစီးဌာန ရုံး ၄၈ ရုံး အထိ       တိုးမြှင့်ခွင့်ပြုထားရှိပြီးဖြစ်သည့်အတွက် စနစ်တကျ ကြပ်မတ်မှုများ ဆောင်ရွက်ပါက ပြည်သူ များအပေါ် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်မှု ပိုမိုပေးနိုင်မည့် နယ်မြေသည်လည်း ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊       ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် ပြည်သူ့ဆေးရုံပေါင်း ၁၁၇၈ ရုံ ဖွင့်လှစ်ခွင့်ပြုထားရှိပြီး     ရန်ကုန်တိုင်းဒေသကြီး  အတွင်းတွင်    ဆေးရုံစုစုပေါင်း   ၈၃  ရုံ  ခွင့်ပြု ထားရာ  လူဦးရေထူထပ်မှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုတို့ကြောင့် လူနာများ လွှဲပြောင်းလက်ခံ ဆောင်ရွက်နိုင်သည့် ဗဟိုအဆင့် အထူးကုဆေးရုံ ၁၀ ရုံ ဖွင့်လှစ်ပြီး ကုသရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူ ဆောင်ရွက်စဉ်ကာလအတွင်း  ဆေးရုံ အဆောက်အဦသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့မှု အနေဖြင့် ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီး မှာပင် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည့် ခုတင် (၁၀၀) ဆံ့  ဆေးရုံသစ်ကြီးသည်  ကိုဗစ်-၁၉  ရောဂါအပါ အဝင် ကူးစက်ရောဂါများကို ကုသပေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ ကုသခန်းများပါဝင်ပြီး မကြာ သေးမီကဖွင့်လှစ်ခဲ့သည့် ပြည်သူ့ဆေးရုံကြီး ပုသိမ် မြို့   ၉  ထပ်   ကုသဆောင်သည်လည်း   ခေတ်မီ အဆောက်အဦဖြစ်ရုံသာမက  လူနာများ စိတ်အေး ချမ်းစွာ ကုသမှုခံယူနိုင်အောင် ရှုထောင့်ပေါင်းစုံမှ စဉ်းစားကာ အဆင့်မီတည်ဆောက်ထားရှိကြောင်း။

ဆေးရုံသမိုင်းကြောင်းအရ အရိုးရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်ကို ၁၈၉၅ ခုနှစ်တွင် မသန်စွမ်း နှင့် အနာကြီးရောဂါကုဂေဟာအဖြစ် စတင်ထူထောင် ဖွင့်လှစ်ခဲ့ကာ ၁၉၇၆ ခုနှစ်တွင် အရိုးရောဂါကုဆေးရုံ အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ခုတင် (၃၀၀) ဆံ့  ဆေးရုံအဖြစ်  ခါးရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း၊  လက်ပိုင်းဆိုင်ရာ  အနုစိတ်ခွဲစိတ် ကုသခြင်း၊ ဒူးဆစ်ရိုး၊ ပေါင်ထိပ်ရိုး၊ အစားထိုးကုသ ခြင်းနှင့်    အထွေထွေ   အရိုးရောဂါကုသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်   ကျန်းမာရေးဝန်ထမ်းများ   အင်အားပြည့် ထမ်းဆောင်နိုင်ရေးအတွက်လည်း လက်ထောက် ဆရာဝန်သစ်များ ခန့်ထားခြင်း၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ပေးခြင်း၊ သူနာပြုသစ်များ ခန့်အပ်ခြင်း၊ ဆေးဘက်ကျွမ်းကျင် သင်တန်းများ၊ အကူသူနာပြု သင်တန်းများ   ဖွင့်လှစ်ခြင်း၊     ဘာသာရပ်ဆိုင်ရာ အထူးကု ဆရာဝန်များ တိုးတက်လာအောင် ဘွဲ့လွန် သင်တန်းများ   စဉ်ဆက်မပြတ်  ဖွင့်လှစ်ခြင်းတို့ကို ပံ့ပိုး  ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့  လုပ်ငန်းခွင် သာယာရေးအတွက်  ယခုကဲ့သို့  ဆေးရုံအဆောက် အဦအသစ်များ   ဆောက်လုပ်ပေးခြင်း၊    ဝန်ထမ်း အိမ်ရာများ   ဆောက်လုပ်ပေးခြင်း၊   ဝန်ထမ်းများ အတွက် ရရှိသင့်သည့်ချီးမြှင့်ငွေများ ထောက်ပံ့ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။ 

ယခုအဆောက်အဦကို အချိန်မီနှင့် သတ်မှတ် အရည်အသွေးများနှင့် ပြည့်မီအောင် ပံ့ပိုးဆောင်ရွက် ပေးကြသည့်  ကျန်းမာရေးဝန်ကြီးဌာန၊  ဆောက် လုပ်ရေး   ဝန်ကြီးဌာနနှင့်    ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့၊    အရိုးရောဂါ    အထူးကုဆေးရုံကြီး- ရန်ကုန်မှ  ဆေးရုံအုပ်ကြီး၊  အထူးကုဆရာဝန်ကြီး များနှင့် ကျန်းမာရေးဝန်ထမ်းများကို အထူးကျေးဇူး တင်ရှိပါကြောင်းနှင့်      ယခုကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားမှသည်     ပြည်သူများ      အားထား ယုံကြည်ရသည့်       အထူးကု     ဆေးရုံကြီးအဖြစ်  ဆက်လက်ရပ်တည်နိုင်အောင်    ဝိုင်းဝန်းကြိုးစား  ဆောင်ရွက်ပေးကြရန်နှင့် အထူးကုဆေးရုံကြီး၏ အဆောက်အဦ သစ်လွင်ခြင်း၊ ကျန်းမာရေးဝန်ထမ်း များ၏ ကျန်းမာရေးဝန်ဆောင်မှု ကောင်းမွန်ခြင်းနှင့် ဆေးရုံသစ်ကြီး၏   အတွင်း/အပြင်    ပတ်ဝန်းကျင် ကောင်းမွန်ခြင်း စသည့်အခြေအနေကောင်းများကို   ဆေးရုံအုပ်ကြီးနှင့်တကွ ကျန်းမာရေးဝန်ထမ်းများ   အားလုံးက မိသားစုစိတ်ဓာတ်ဖြင့် စုစည်းညီညွတ်စွာ   ရေရှည်တည်တံ့ခိုင်မြဲရေး      စနစ်တကျထိန်းသိမ်း ကြရန်လိုကြောင်း ပြောကြားသည်။

လွှဲပြောင်းပေးအပ်

ထို့နောက် အဆောက်အဦနှင့် ပတ်သက်သည့်  မှတ်တမ်းများအား ဆောက်လုပ်ရေး အထူးအဖွဲ့ (၁) မှ ညွှန်ကြားရေးမှူးချုပ်က   လွှဲပြောင်းပေးအပ်ရာ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ခံ ရယူသည်။ 
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းထံ ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး  ပါမောက္ခ  ဒေါက်တာ  သက်ခိုင်ဝင်း က  ဖွင့်ပွဲအထိမ်းအမှတ်  အမှတ်တရလက်ဆောင် ပေးအပ်သည်။ 

ဆက်လက်၍      ရန်ကုန်ပြည်သူ့ဆေးရုံကြီး    ပါမောက္ခချုပ် ဒေါက်တာ သီတာလှက ကျေးဇူးတင် စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီး ချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များ သည် တိုးချဲ့ ၅ ထပ်ဆောင်အတွင်း  လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။    
       
သတင်းစဉ်