နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ဗန်းမော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ နှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များထံ ဆန်၊ ဆီများ လှူဒါန်း

ဗန်းမော် စက်တင်ဘာ ၁၃

 

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဗန်းမော် မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျာင်းများနှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များထံ ဆန်၊ ဆီနှင့် အလှူငွေများ လှူဒါန်းသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာ ကန်ဦးစာသင်တိုက်သို့ သွားရောက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကန်ဦးကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တကေသဝ အမှူးပြု သော ဆရာတော်/ သံဃာတော်များအား ဖူးမျှော် ကြည်ညိုသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီးနှင့် ဇနီး၊ ဗန်းမော်တပ်နယ်မှူး တို့က ဆရာတော်/သံဃာ တော်များထံ ဆန် (၁၅)အိတ်၊ ဆီ (၅)ပုံးနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်း ကြသည်။

 

ထို့နောက် ဗန်းဗော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဗန်းမော်မြို့နယ်အတွင်း ခရစ်ယာန် ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးရရှိရေး၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်၊ သိက္ခာတော်ရဆရာများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းနှင့် ဘာသာရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့အသီးသီးမှ သိက္ခာတော်ရ ဆရာများနှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်းနင်းရေး ၊ အစိုးရအဖွဲ့၊ ဌာနဆိုင် ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင် ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ကိုလုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်နိုင်ရေး ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာကြသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ကတ်သလစ်အသင်းတော်၊ တရုတ်နှစ်ခြင်းအသင်း‌တော်၊ ကရင်နှစ်ခြင်းအသင်းတော်၊ ယေဟောဝါနှစ်ခြင်း အသင်းတော်၊ နှစ်ခြင်း(မူရင်း) အသင်းတော်၊ ဖဲန်တာမန်တာအသင်းတော်၊ ဧဝံဂေလိအသင်းတော်၊ လီဆူနှစ်ခြင်းအသင်းတော်နှင့် ချင်းနှစ်ခြင်းအသင်းတော်တို့အတွက် ဆန်အိတ် (၃၀)၊ ဆီ (၁၀)ပုံးနှင့် အလှူငွေများပေးအပ် လှူဒါန်းသည်။

 

ထို့ပြင် ယမန်နေ့ ညနေပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် အဆိုပါ အစည်းအဝေး ခန်းမ၌ ဗန်းမော်ခရိုင် မနောကွင်း၊ မုဒ်ဦး၊ မနောတိုင်၊ မနောရင်ပြင်သစ်ဖွင့်ပွဲနှင့် (အင်လုံအင်နန်ရှား) ကောက်သစ်စား ရိုးရာဆွတ်မနောပွဲတော်ဖြစ်မြောက် ရေးကော်မတီအဖွဲ့ဝင် ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များနှင့်တွေ့ဆုံပြီး အမှာစကား ပြောကြားသည်။

 

ထို့နောက် ဗန်းမော် ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဖော်လူလဝမ်နှင့် တာဝန်ရှိသူများက လိုအပ်ချက်နှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့က မနောကွင်းတည်ဆောက်ရေး ကူညီဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် ဖွင့်ပွဲကျင်း ပမည့် ကိစ္စရပ်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည့်အခြေအနေကို ဖြည့်စွက်ရှင်းလင်းပြောကြား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)