နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့၌ ကျင်းပသည့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား တက်ရောက်

မြောင်းမြ သြဂုတ် ၂၉

 

ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ကျင်းပသည်။

 

တက်ရောက်

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒန်နီယယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည် ကိုးချက်တီး၍ ဖွင့်လှစ်ပေးပြီး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအဖွဲ့ဝင်နှင့် အနောက်တောင်တိုင်းစစ် အကြံပေးအဖွဲ့ခေါင်းဆောင်၊ ဗဟိုအကြံပေး ဌာနချုပ်တိုင်းမှူးတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အခမ်းအနား ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသိန်းကျော်က ကျေးဇူးတင်စကားပြောကြားသည်။

 

ဆက်လက်၍ ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်တိုင်းရင်းသား မောင်မယ်များက ချည်ဖြူဖွဲ့ ပစ္စည်းများ သယ်ဆောင်နေရာချထားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်တာဝန်ရှိသူများ၊ ဧည့်သည်တော် များအား ချည်ဖြူဖွဲ့ပေးကြသည်။

 

ရိုးရာအကများဖြင့်ဖျော်ဖြေ

ချည်ဖြူဖွဲ့ မင်္ဂလာကျင်းပနေချိန်အတွင်း ကရင်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေပြီး ကရင်အမျိုးသား သီချင်းကို သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

သတင်းစဉ်