‌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ညောင်တုန်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ညောင်တုန်း    ဒီဇင်ဘာ   ၁၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့ နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်သို့ ရောက်ရှိပြီး ညောင်တုန်းမြို့ အတုလမာရဇိန် ကြေးသွန်းဘုရား ကြီးအား ဖူးမြော်ပူဇော်၍   ဗိုလ်ချုပ်လမ်းရှိ  ပုဏ္ဏမာရာမ ဈေးကျောင်းတိုက်၏     ဦးစီးပဓာနနာယက  အဂ္ဂမဟာပဏ္ဍိတအဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တဩသဓာဘိဝံသအား ဖူးမြော်ကြည်ညိုကာ     လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက်   ကောင်စီအဖွဲ့ဝင်   မန်းငြိမ်းမောင် သည် ညောင်တုန်းမြို့ အမှတ်(၁) ရပ်ကွက်ရှိ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တံတားဦးစီးဌာန တံတားတည်ဆောက်ရေး အထူးအဖွဲ့(၁) ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွေးက ပန်းလှိုင်မြစ်ကူး တံတား ဆောက်လုပ်ရန်လျာထားမှုကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များကို မှာကြားသည်။

 

ယင်းနောက်  ဆင်ထုံးကျေးရွာအုပ်စု  ကြိမ်ပင်ဆယ်ကျေးရွာရှိ ရွှေဟင်္သာ‌ရွှေကျင် ကျောင်းတိုက်ခွဲ သို့ ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော်  ဥူးပညာဇောတအား ဖူး‌မြော်ကြည်ညို၍   လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့‌‌ကြောင်း သိရသည်။

သတင်းစဉ်