နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံ၊  လွိုင်ကော်မြို့တွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကြည့်ရှု

 

 

လွိုင်ကော်        စက်တင်ဘာ     ၁၃

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ()၌ ကျင်းပပြုလုပ်သည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း က နိုင်ငံတော်စီမံအုပ်ချုပ် ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ်၊ ဦးတည်ချက် ()ရပ်နှင့်အညီ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးရရှိရေးအပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်မျိုးဆက် သစ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေးနှင့် ဘာသာရေးဆိုင်ရာ လိုအပ်ချက်များ အတွက် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များအနေဖြင့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကောင်းမွန်သည့်အကြံပြု ချက်များကို ရင်းနှီးစွာ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူများ၏အားဖြင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ လုပ်ငန်းများပုံမှန်ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။

 

ယင်းနောက် ဘာသာရေးအသင်းအဖွဲ့(၁၁)ဖွဲ့မှ ခေါင်းဆောင်များက ဘာသာအလိုက် လုပ်ငန်းဆောင်ရွက် နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဘာသာရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများပေးအပ်ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်များ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘာသာရေးခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ ပြည်သူများ အပန်းဖြေစရာ အဓိကနေရာတစ်ခုဖြစ်သော နောင်ယားကန်သာ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက် ထားရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သီရိမင်္ဂလာဗဟိုဈေးကြီးသို့ သွားရောက်၍ ဆန် အသား၊ ငါး ပဲအမျိုးမျိုး အခြေခံ စားသောက်ကုန်များ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ ရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုပြီး ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းချသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြား သည်။

 

ယင်းနောက် သီရိမင်္ဂလာဗဟိုဈေးကြီး ဈေးရုံးခန်းမ၌ စျေးကော်မတီဝင်များ၊ စျေးအကျိုး တော်ဆောင်များ ၊ စျေးသူ၊ ဈေးသားများနှင့် တွေ့ဆုံပြီး  ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်း မရှိသည့် ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးမှု အခြေအနေများနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ ဈေးအတွင်းဆောင်ရွက်နေသည့် ဈေးရုံ()ရုံအသစ်တည်ဆောက်ခြင်း၊ အသား/ငါး၊ ယင်လုံဈေးရုံ တည်ဆောက်ခြင်းနှင့် ဈေးရုံ(၁၂)ရုံ အမိုးပြုပြင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေး ကြသည်။

 

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)သို့သွားရောက် ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့များက လက်ခံရယူကြသည်။ ယင်းနောက် သီရိရတနာဓမ္မာရုံ အဘယမုဒြာ ဂန္ဓကုဋီတိုက် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)