နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် ဝမ်ဆိုင်းဒေသရှိ သက်တန်းရင့် လ္ဘက်ပင်များအား ကွင်းဆင်းကြည့်ရှု

ကျိုင်းတုံ စက်တင်ဘာ  ၁၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နောင်တုံကန်နှင့် ကျိုင်းတုံဟော်နန်း တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် အဖွဲ့သည် ကျိုင်းတုံ ဗုဒ္ဓဥယျာဉ်တော်သို့ ရောက်ရှိပြီး သတ္တသတ္တာဟ မဟာဗောဓိစေတီတော်နှင့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြောက်ကြည်ညိုကာ စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် အဖွဲ့သည် တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဓမ္မသီရိအား သွားရောက်ဖူးမြော်ပြီး ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအခြေအနေများကို မေးမြန်းလျှောက်ထား၍ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်အဖွဲ့သည် တာချီလိတ် ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းပြီး အလှူငွေများ ပေးအပ်လှူဒါန်း ကြသည်။

 

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကျိုင်းတုံမြို့နယ် ဝမ်ဆိုင်းဒေသသို့ သွားရောက်၍ သက်တမ်းရင့် လက်ဖက်ပင်များ စီးပွားဖြစ်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး ဝမ်ဆိုင်းဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကာ နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)