နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချီးမြှင့်သည့် ဘွဲ့တံဆိပ်များချီးမြှင့်ပေးအပ်

နေပြည်တော် ဇန်နဝါရီ ၁၈

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူနိုင်မည့် ဘွဲ့ခံပုဂ္ဂိုလ်များအား နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်မိသားစုဝင်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းပေးလျက်ရှိသည်။

ထိုသို့ ချီးမြှင့်အပ်နှင်းပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများသည် အလင်္ကာကျော်စွာဘွဲ့ရရှိသူ အဆိုပညာရှင် ဦးသုမောင် ကိုယ်စား ဇနီးဖြစ်သူ ဒေါ်အေးအေးမေအား သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်း၏နေအိမ်သို့သွားရောက်၍ ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်ကို လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သီရီပျံချီဘွဲ့ရရှိသူ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဒေါက်တာတင်မိုသီ ကိုယ်စား ၎င်း၏ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်စွာစိုးအားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ အိုလမာအစ္စလမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်ဥက္ကဋ္ဌ အလ်ဟာဂျ်မော်လာနာဟာပိဇ် မုဟမ္မဒ်ဆွာလေဟ်(ခ)ဦးစိုးသန်း ကိုယ်စား သားဖြစ်သူ ဦးစိုးလွင်ဦးအားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ကူးသန်းရောင်းဝယ်ရေးနှင့်ထောက်ပံ့ရေးဌာန ဝန်ကြီးဦးအုန်း ကိုယ်စား ကိုယ်စားလှယ်ဖြစ်သူ ဦးဝင်းစိုးအောင်အားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေးဌာန ပြည်သူ့ရိက္ခာထောက်ပံ့ရေးနှင့်သမဝါယမဌာန ဝန်ကြီး သခင်ကျော်ထွန်း ကိုယ်စား သားဖြစ်သူ ဦးကျော်ထွန်းဝင်းအားလည်းကောင်း၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ စစ်ရာထူးခန့်ချုပ် ဗိုလ်မှူးချုပ် စိုးမြင့်(ငြိမ်း) ကိုယ်စား သားဖြစ်သူ ဦးသန်းစိုးအားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပညာရေးဌာန ဒုတိယဝန်ကြီး ဦးသောင်းထွဋ် ကိုယ်စား တူမဖြစ်သူ ဒေါ်လွင်လွင်အေးအားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပညာရေးဌာနဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်အေး ကိုယ်စား ချွေးမဖြစ်သူ ဒေါ်အေးအေးမြတ်အားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ စီမံကိန်းနှင့်ဘဏ္ဏာရေးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်ရှိန် ကိုယ်စား တူဖြစ်သူ ဦးလင်းအောင်အားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစံတင် ကိုယ်စား တူမဖြစ်သူ ဒေါ်သဇင်ရွှေအားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ် ရဲဗိုလ်ချုပ်ကြီးထွန်းလှအောင် ကိုယ်စား မြေးဖြစ်သူ ဆရာလေး ဒေါ်ဓမ္မကုသလအားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး ဦးသူရိန်သန့်ဇင် ကိုယ်စား တူဖြစ်သူ ဦးဟိန်းထွဋ်နောင်အားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာ ဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦး(ငြိမ်း)(တင်သန်းဦး) ကိုယ်စား ကိုယ်စားလှယ်ဖြစ်သူ ဦးခင်မောင်ချိုအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမ၌ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဘွဲ့လက်မှတ်များကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်