နေပြည်တော် ဒီဇင်ဘာ ၆

နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးဥယျာဉ် ထိန်းသိမ်း ဆောင်ရွက်ထားရှိမှု အခြေအနေ များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကန်တော်ကြီးဥယျာဉ် ရှင်းလင်းဆောင်ခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး နှင့် ဥယျာဉ်တာဝန်ခံကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးရာဇာ ထွေးတို့က ကန်တော်ကြီးဥယျာဉ် အတွင်းရှိ ရေကန်များအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ ယခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ဥယျာဉ် အတွင်း သစ်ပင်ပန်းမန်များအား ထိန်းသိမ်းထားရှိမှု အခြေအနေ များ၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ဖြင့် ကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများ ပြုလုပ်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

 

ပန်းပေါင်းစုံများ ရာသီမရွေး

ဖူးပွင့်နိုင်ရေး ဆောင်ရွက်ရမည်

တင်ပြမှုများအပေါ် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်သို့ လာရောက် အပန်းဖြေကြမည့် သူများ များပြားနိုင်သဖြင့် လိုအပ် သည်များကို ပြည့်စုံစွာဆောင်ရွက် ပေးထားရန်လိုကြောင်း၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်သည် ပြင်ဦး လွင်မြို့၏ အထိမ်းအမှတ်နေရာ (Land Mark) တစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများ အမြဲမပြတ် လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့ သည် ပန်းမြို့တော်ဖြစ်သဖြင့် ပန်းပေါင်းစုံများ ရာသီမရွေးဖူးပွင့် နိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင် အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေး တိုးတက်အောင် သက်ဆိုင်ရာ သုတေသနအဖွဲ့များ က ဆောင်ရွက်သွားရန်လိုသကဲ့သို့ အခြားဒေသမှ ပန်းမျိုးကောင်း၊ မျိုးသန့်များကိုလည်း ဒေသတွင်း အောင်မြင်ဖြစ်ထွန်း စွာဖြင့် ဖူးပွင့်နိုင်ရေး စမ်းသပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥယျာဉ်နေရာများ ၌သာမက မြို့အတွင်းရှိ လမ်းများ၊ ရပ်ကွက်များ အတွင်း၌လည်း သစ်ပင်ပန်းမန်များ စိုက်ပျိုး၍ မျက်စိပသာဒဖြစ်စေရေး ဆောင် ရွက်သွားရန်လိုကြောင်း။

 

 Green Zone Area များကို မဖြစ်မနေအကောင်အထည် ဖော်သွားရမည်

ပြင်ဦးလွင်ဒေသသို့ ခရီးသွား ဧည့်သည်များ အများအပြား လာရောက် အပန်းဖြေကြခြင်း သည် ဒေသ၏ သာယာလှပမှုနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်မှု၊ အေးချမ်းစိုပြည်မှုတို့ ကြောင့်ပင်ဖြစ်ပြီး “အိမ်သာ၍ ဧည့်လာ”ခြင်းပင် ဖြစ်ကြောင်း၊ ဒေသတွင်းသို့ ခရီးသွားအများ အပြား လာရောက်ခြင်းသည် ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက် အကူ ဖြစ်စေနိုင်သည်ဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက် သွားရန်လိုကြောင်း၊ Green Zone Area များကို မဖြစ်မနေအကောင် အထည် ဖော်သွားရမည်ဖြစ်ပြီး နှစ်ရှည် အရိပ်ရအပင်များကို အပင်သက်တမ်းအလိုက် စဉ်ဆက် မပြတ်သည့် စိုက်ပျိုးခြင်းနည်းဖြင့် စနစ်တကျ ဆက်လက်စိုက်ပျိုး ထိန်းသိမ်းခြင်းများဖြင့်လည်း ရာသီ ဥတုကောင်းမွန်မှုကို ဆက်လက် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု၍ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန် များ စိုက်ပျိုးထိန်းသိမ်းထားရှိမှု များ၊ ဒေသပန်းမျိုးများ သုတေသန စင်တာနှင့် စမ်းသပ်စိုက်ခင်း အတွင်း သုတေသနပြု စိုက်ပျိုး စမ်းသပ်ထားရှိမှု၊ ရေကန်ပတ် လမ်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြား သည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ကန်တော်ကြီးအတွင်း ထည့်သွင်း မွေးမြူထားသည့် အလှမွေးငါးများ၊ ဘဲငန်းများကို အစာကျွေးခဲ့ကြသည်။

 

 ရှင်းလင်းတင်ပြ

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ သုမင်္ဂလာ ဈေး(ညံတောဈေး) ခြောက်ထပ် အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန် မှာကြားချက်များအား အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အထပ်အလိုက် ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိမှု၊ ကလေးကစားကွင်း နေရာများ၊ ရုပ်ရှင်ရုံများ ထည့်သွင်း တည်ဆောက်နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိမှုနှင့် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆိုလာပြားများ တပ်ဆင်သွားမည့် အခြေအနေများ၊ မြေညီထပ်ရှိ Local Fresh Fruits & Meats Market နှင့် Banking Service Area အတွက် ဗိသုကာဒီဇိုင်းများ ပြင်ဆင်ထားရှိမှု၊ ယာဉ်ရပ်နား သည့် နေရာအတွင်း EV ကားများ အတွက် Battery Charger နေရာ များ ဆောင်ရွက်ထားရှိမှု၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး အတွက် တွက်ချက်ဆောင်ရွက် ထားရှိမှု၊ ရေဆိုးစွန့်ပစ်မှုစနစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အထူးပြုလုပ်ချက် Video Clip ကို ဖွင့်လှစ်ပြသသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ရေစီးရေလာနှင့် ရေဝင်ရေထွက် ကောင်းမွန်စေရေး တို့ကိုလည်း ထည့်သွင်းစဉ်းစား၍ ရေနုတ်မြောင်းများကို စနစ်တကျ တွက်ချက်၍ ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေ ရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွား ရန်လိုပြီး စားသောက်ဆိုင်ခန်းများ ထားရှိမည့်အထပ်တွင် သန့်ရှင်းမှု ရှိစေရေးကို အလေးထား ဆောင်ရွက်သွားရန်နှင့် ရေ/မီး စနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရာတွင် Back up စနစ်ကိုပါ ထည့်သွင်းဆောင်ရွက် ရန်လိုကြောင်း၊ အဆင့်မြင့်ဈေး ဖြစ်သည်နှင့်အညီ အသီးအရွက်များ၊ အသားငါးများကိုလည်း စနစ်တကျထုပ်ပိုး၍ ရောင်းချသွား ရန်လိုကြောင်း။

 

ဒေသထွက်နှင့် အခြေခံသုံးကုန် ပစ္စည်းများ တစ်နေရာတည်း

ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်

ယခု အဆင့်မြင့်ဈေးသစ် တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှု များနှင့် ကိုက်ညီသည့် အဆင့်မီ ဈေးတစ်ခု ဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန် ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင် စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ ခြင်းဖြစ်ကြောင်း၊ စံပြဈေးတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ဆက်လက်၍  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ် အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေး စီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်