ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr.Alexander Gregoryevich Lukashenko ဖိတ်ကြားချက်အရ ကျွန်တော် တရားဝင်ချစ်ကြည်ရေးခရီးသွားတာပါ။ သူတို့က တရားဝင်ဖိတ်တဲ့အတွက်ကြောင့် ကျွန်တော်တရားဝင် ချစ်ကြည်ရေးခရီးသွားနိုင်တာကတော့ နိုင်ငံအတွက် အင်မတန်ကောင်းတဲ့ဟာတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက သွားတဲ့ခရီးစဉ် နှစ်နိုင်ငံလုံးမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် နယ်ပယ်တွေ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်နိုင် ခဲ့တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စရပ်တွေပေါ့။ နောက် နှစ်နိုင်ငံအပြန်အလှန် ကူးလူးသွားလာရေးအတွက် တိုးချဲ့ဖို့ဆိုတာ အထူးသဖြင့်တော့ ခရီးသွားကဏ္ဍတွေတိုးချဲ့ ဆောင်ရွက်ရေးပေါ့ဗျာ။ နောက်တစ်ခုက ပညာရေး၊ နောက်သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒါတွေ နယ်ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှု အခြေအနေတွေ ရှင်းပြတာကို သူတို့နှစ်နိုင်ငံလုံးက ဒါကို အားလုံးလက်ခံပါတယ်။ နောက်ကျွန်တော် ရွေးကောက်ပွဲလုပ်မယ့်အခြေအနေလည်း ကျွန်တော်ရှင်းပြတယ်။ ရှင်းပြတော့ သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲလာပြီးကြည့်ပေး မယ့်အကြောင်းလည်း သူတို့ပြောတာရှိတယ်။ ပိုကောင်းတာကတော့ နှစ်ဦးနှစ်ဖက် ဒီတွေ့ဆုံခြင်း အားဖြင့် ယုံကြည်မှုတွေ အများကြီးရခဲ့တယ်ဗျ။ ရုရှားနိုင်ငံရော ဘယ်လာရုစ်နိုင်ငံရော သူတို့နိုင်ငံမှာရှိတဲ့ ပြည်သူတွေကရော မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်တစားနဲ့ တော်တော်ဖြစ်လာတာကို ကျွန်တော်တွေ့တယ်ဗျ။ ဒါဟာကျွန်တော်တို့အတွက် (နောက် အနာဂတ်နိုင်ငံအတွက်) (နောင်နိုင်ငံတော်အနာဂတ်အတွက်လည်း) ကောင်းတဲ့ လက္ခဏာတစ်ခုပေါ့ဗျာ။ နောက်တစ်ခုကလည်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ လုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကိုကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံ ဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစလုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်။ အဲ့ဒါလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကိုပြောရဲပါတယ်။ ပြည်သူတွေကို ကျွန်တော်ဒါလေးတော့ ကျွန်တော့်ဘက်က သဘောထားပေါ့ဗျာ။ ကျွန်တော် ဒါကိုပြောပါရစေ။ အားလုံး အစစအရာရာ အောင်မြင်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်ဗျာ။ ပြည်သူအများလည်း အားလုံး ကျန်းမာချမ်းသာကြပါစေ။ နောက်အစစအရာရာ တိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်းတောင်းပါတယ်။ ပါတီစုံဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်း ကျွန်တော်ပြောလိုပါတယ်ဗျာ။ ကောင်းပါတယ်ဗျာ၊ ကျေးဇူးအများကြီးတင်ပါတယ်။