နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၇၉)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်ဇနီးများအား သွားရောက်တွေ့ဆုံ ဂါရဝပြု

နေပြည်တော်   မတ်   ၂၆

 

၂၀၂၄ ခုနှစ်၊  မတ်လ ၂၇ ရက်နေ့တွင်   ကျင်းပပြုလုပ်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌  ခေတ္တတည်းခိုနေထိုင်လျက်ရှိ သည့်   တပ်မတော်တွင်  တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်  ဇနီးများ အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့က သွားရောက်၍ တွေ့ဆုံဂါရဝပြု နှုတ်ဆက်သည်။

 

ထိုသို့ တွေ့ဆုံဂါရဝပြုနှုတ်ဆက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်  ဇနီးတို့သည်  အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်းလိုက်လံ ဂါရဝပြုနှုတ်ဆက်ခဲ့ပြီး  ကျန်းမာရေး၊  လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို    မေးမြန်း၍   လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု        အခြေအနေ များ၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်များအနက်   ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ထားကိုးကွယ်ခဲ့မှုနှင့်   မာရဝိဇယဗုဒ္ဓဥယျာဉ် တော်ကြီး တည်ဆောက်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်  တပ်မတော် အနေဖြင့် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်  အရန်တပ်ဖွဲ့ဥပဒေ အတည်ပြုပြဋ္ဌာန်းခဲ့မှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်    နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊   ဘာသာသာသနာနှင့်   ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ     အငြိမ်းစားတပ်မတော် အရာရှိကြီးများက   ယခုကဲ့သို့    တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့        တက်ရောက်ရသည့်အတွက်  ဂုဏ်ယူဝမ်းမြောက်သည့်အခြေအနေများ၊ နိုင်ငံ့တာဝန်များကို  ဘက်ပေါင်းစုံမှ လစ်ဟင်းမှုမရှိ စေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို  အားပေးအသိအမှတ်ပြုသည့်  အခြေအနေများနှင့် အခြား ဩဝါဒစကားများကို  ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။   

သတင်းစဉ်