နေပြည်တော် ဒီဇင်ဘာ ၆

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံး များမှ စစ်သံမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၆၆)မှ အောင်စစ်သည် ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၉၈၈၊ ဗိုလ်လောင်း ထက်အာကာ၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၈၅၃၊ ဗိုလ်လောင်း သီဟစိုး၊ စာပေ ထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၀၀၁၊ ဗိုလ်လောင်း နေသုခ၊ စာပေထူးချွန်ဆု(သိပ္ပံ) ရရှိသူ ဗိုလ်လောင်း အမှတ် ၃၆၁၂၆၊ ဗိုလ်လောင်း ရဲထက်၊ စာပေထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၉၄၀၊ ဗိုလ်လောင်း ဇော်ဖြိုးအောင်တို့အား ဆုများ ပေးအပ် ချီးမြှင့်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။ (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းကို သီးခြားဖော်ပြ ထားပါသည်။)

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

 

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ် ကျောင်း ဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ငါးဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ဂုဏ်ပြုအမှာစကား ပြောကြား ရာတွင် သင်တန်းတက်ရောက်ရသည့် လေးနှစ်တာ ကာလ တစ်လျှောက်လုံး စာပေကဏ္ဍ၊ လေ့ကျင့်ရေးကဏ္ဍ တို့တွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှုတို့ ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြခြင်းဖြစ်သဖြင့် ချီးကျူး အသိအမှတ်ပြုကြောင်းနှင့် မိဘ များနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ဆက်လက်လျှောက် လှမ်းရမည့် ဘဝခရီးတစ်လျှောက် တွင်လည်း မိဘများ၊ ဆရာ ဆရာမများက သွန်သင်ပဲ့ပြင်ပေးခဲ့သည့် အခြေခံကောင်းများ၊ ယခုသင်တန်း မှရရှိခဲ့သည့် မိမိဘဝတိုးတက်မှုရှိစေရေး ကြိုးစားအားထုတ်နိုင်မှု၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်းကောင်းမွန်မှု စသည့် အခြေခံအလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစား အားထုတ်သွားကြရမည်ဖြစ် ကြောင်း၊ ယနေ့ ခေတ်သည် နည်းပညာများ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့်အတွက် မိမိတို့ဘဝတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမည့် အသိပညာ၊ အတတ်ပညာ များကို စဉ်ဆက်မပြတ်ဖတ်မှတ်လေ့လာခြင်းဖြင့် ဆက်လက် ဆည်းပူးလေ့လာပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရပြီး လက်အောက်က အားကိုးရသူများ ဖြစ်အောင် ဆက်လက်ကြိုးပမ်း သွားကြစေလိုကြောင်း။

 

ယခုကဲ့သို့ ထူးချွန်ထက်မြက် သူများဖြစ်လာစေရေး ငယ်စဉ် ကတည်းက ကျွေးမွေးပြုစု ပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးများ၊ အသိပညာများ ရရှိ စေရေး သင်ကြားပေးခဲ့သည့် ဆရာ ဆရာမများ၏ ကျေးဇူးများ ကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်းသင်တန်း လေးနှစ် တာကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ် ၏ကျေးဇူးကိုလည်း မမေ့ရန်လို ကြောင်း၊ မိဘများ၏ စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်း သာအောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေးစောင့်ရှောက် ခြင်းတို့သည် မိဘကျေးဇူးကို ဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သားကောင်း တစ်ယောက် ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ရ မည်ဖြစ်ကြောင်း။

 

တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လို

တာဝန် ထမ်းဆောင်ရာ တွင်လည်း စစ်သားကောင်း တစ်ယောက် ပီသစွာနေထိုင် ကျင့်ကြံရမည်ဖြစ်ပြီး နိုင်ငံတော် နှင့် တပ်မတော်၏တာဝန်များကို ထမ်းဆောင်လျက် ရှိကြသည့် နောင်တော်ကျောင်းဆင်း အရာရှိ များ၊ စစ်သည်များထံမှလည်း ကောင်းမွန်သည့် အတွေ့အကြုံ ကောင်းများကို လက်ဆင့်ကမ်း သင်ယူကြရန် လိုကြောင်း၊ တပ်မတော်သားများသည် ပြည်သူ ကြားမှပေါက်ဖွားလာခြင်းဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကို၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့်တာဝန်များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လို ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်အကျိုးsSကို ဆောင်ရွက်ခြင်းပင်ဖြစ် ကြောင်း အမှာစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်