နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU ၊ PNLO) ၏  ကိုယ်စားလှယ်အဖွဲ့တို့ တစ်ဖွဲ့ချင်း သီးခြားစီတွေ့ဆုံဆွေးနွေး

နေပြည်တော်    ဇွန်   ၂၈

 

နိုင်ငံတော်၏  ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ ပအိုဝ်းအမျိုးသား  လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်      လည်းကောင်း၊ လားဟူဒီမိုကရက်တစ်    အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး ဦးဆောင်သော   ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊  ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)    စစ်ရေးချုပ်   အဆင့်ရှိ စောစိန်ဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ KNU/KNLA  ငြိမ်းချမ်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်  လည်းကောင်း ယနေ့နံနက်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု  ဗဟိုဌာန ဧည့်ခန်းမ၌  တစ်ဖွဲ့ချင်း  သီးခြားစီတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် တစ်ဖွဲ့ချင်းစီ၏  တင်ပြချက်များ၊  ဒေသလုံခြုံ ရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍  နှစ်ဖက်အပြန်အလှန်  ရင်းနှီးပွင့်လင်းစွာ    ဆွေးနွေးညှိနှိုင်းကြသည်။ 

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့နှင့်  NCA လက်မှတ်ရေးထိုးထား သည့် PPST အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့   (၅) ဖွဲ့ (ALP ၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO) ၏ ကိုယ်စားလှယ် အဖွဲ့တို့သည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန     အစည်းအဝေးခန်းမ၌ တတိယနေ့ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ပြုလုပ်သည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေး   ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)မှ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA  ငြိမ်းချမ်းရေး ကောင်စီ   ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊  လားဟူဒီမိုကရက်တစ်     အစည်း အရုံး (LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊  ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင် နာယက   ဖြားတန်ခွန်ဥက္ကာတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် သုံးရက  တာ ဆွေးနွေးညှိနှိုင်းချက်များအရ  အပြီးသတ်ရရှိသည့်  သဘောတူညီ ချက်များကို အတည်ပြုလက်မှတ် ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကိုယ်စား ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ  စောမြရာဇာလင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်တို့က နိဂုံးချုပ်အမှာစကား  ပြောကြားခဲ့ပြီး  ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသောကမ္ဘာ့ရေးရာ၊ မြန်မာရေးရာ၊  တိုင်းရင်းသားရေးရာစာအုပ်များနှင့်  လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်