နေပြည်တော်  ဇွန် ၂၅   

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ H.E. Mr. Valery D.Zorkin ၏ ဖိတ်ကြား ချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင်  “Protection of Rights and Constitutional Supervision” ခေါင်းစဉ်ဖြင့် ကျင်းပမည့် နိုင်ငံတကာ ညီလာခံ (International Conference)နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ် (XII St. Petersburg International Legal Forum) သို့ တက်ရောက်ရန်အတွက် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ‌ဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါ နိုင်ငံတကာညီလာခံနှင့် (၁၂)ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ်သို့ တက်ရောက်ရန် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့်အတူ အဖွဲ့ဝင် ဦးခင်မောင်ဦး လိုက်ပါသွားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)