နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နေပြည်တော် ၃၁ မေ

အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နယူးဒေလီ မြို့မှ နေပြည်တော်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။

 

mdn

 

နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန် (ကောင်စစ်ရေးရာ) Shri Sanjiv Arora၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူးမား၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော်နှင့် တာဝန်ရှိသူများက နယူးဒေလီမြို့ Palam လေတပ်စခန်း လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

mdn

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr.Sumit Seth နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

(သတင်းစဉ်)