နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(ရန်ကုန်တိုင်းဒေသကြီး)သင်တန်း ဆင်းလက်မှတ် ဆက်ကပ်ပွဲနှင့် သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်  ၁၆  ဇွန် 

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ရန်ကုန်တိုင်းဒေသကြီး) သင်တန်းအမှတ်စဉ် (၁၈) သင်တန်းဆင်း လက်မှတ် ဆက်ကပ်ပွဲနှင့် သင်တန်းအမှတ်စဉ်(၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၄၂)ရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကံမဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တ စိတြရဉာဏထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဝိဒ က သင်တန်းဆိုင်ရာများကို လျှောက်ထားသည်။

 

ထို့နောက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကံမဆရာတော်က သင်တန်းဆင်းသံဃာတော် ၂၇ ပါးအား သင်တန်း ဆင်း အောင်လက်မှတ်များ ချီးမြှင့်တော်မူသည်။

 

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ကျောက်မဲဆရာတော်ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ က သြဝါဒကထာ မြွက်ကြား တော်မူပြီး အနုမောဒနာတရားဟောကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။

 

သင်တန်းအမှတ်စဉ် (၁၉)သို့ သင်တန်းသားရဟန်းတော်  ၃၂ ပါးတက်ရောက် တော်မူကြပြီးသင်တန်းကာလမှာ နှစ်နှစ်ကြာမြင့်မည်ဖြစ်သည်။ 

 

(သတင်းစဉ်)

 

DSC06