နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ ၁၃၈၃-၈၄ နှစ်သစ်ကူး မင်္ဂလာစာတမ်း

နှစ်သစ်ကူးမင်္ဂလာအပြောင်းအကူးကာလ၌   မကောင်းမှု အကုသိုလ်ကံများကြားဝင်၍    ဒုက္ခဝေဒနာအကူးအပြောင်း ဖြစ်တတ်သည်။ ထိုအခါမျိုး၌ ဘုရားဂုဏ်တော်  ပုတီးစိပ်ခြင်း၊ ဘုရားဂုဏ်တော်များကို ဗုဒ္ဓါနုဿတိဂုဏ်တော်ပွား၍ မေတ္တာပို့ အမျှဝေ ကုသိုလ်များပြုလုပ်၍ သတ္တဝါအားလုံးတို့အား ကုသိုလ် အဖို့ကို အမျှဝေပြီး မေတ္တာပွားကြပါစေကုန်သတည်း။

ဘုရားဂုဏ်တော်တို့ကို ပုတီးစိပ်လျှင် ဘုရားဂုဏ်တော်၏ တန်ခိုးကြောင့် ကိုဗစ်-၁၉ စသည့် ရောဂါဝေဒနာများ   မကပ် ရောက်ဘဲ ပျောက်ကင်းသွားကြပါလိမ့်မည်။ ရောဂါဝေဒနာများ ကင်းရှင်း၍ ကျန်းမာချမ်းသာဝမ်းသာကြပါစေကုန်သတည်း။

ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ                                       
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ
ဗန်းမော်ကျောင်းတိုက်ဆရာတော်၊ မန္တလေးမြို့