နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား စွမ်းဆောင်မှုဆိုင်ရာဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော်     ဇွန်    ၃၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား   ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံ  တည်ဆောက်နိုင်ခဲ့သည့်   မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန် ဆောင်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ဇေယျကျော်ထင်စည်သူ ရဲဝင်းဦး၊  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သီရိပျံချီ ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအမြဲတမ်းအတွင်းဝန်     ဦးခင်လတ် နှင့် တာဝန်ရှိသူများ၊   မြန်မာနိုင်ငံဆိုင်ရာ    ရုရှားနိုင်ငံ သံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV ၊ မြန်မာနိုင်ငံဆိုင်ရာ  ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမြဲတမ်းအတွင်းဝန်   ဦးခင်လတ်က    ဘွဲ့တံဆိပ် ပေးအပ်သည့် အမိန့်ကို       ဖတ်ကြားတင်ပြသည်။  ယင်းနောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ           သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က   မြန်မာနိုင်ငံနှင့်   ရုရှားနိုင်ငံတို့ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ    ပိုမိုနီးကပ်ခိုင်မာအောင်    စွမ်းစွမ်းတမံ တည် ဆောက်နိုင်ခဲ့ သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV ထံ ဘွဲ့တံဆိပ်နှင့်  အဆောင်အယောင်ကို  လက်ရောက် ချီးမြှင့်အပ်နှင်းသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်က စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား ဂုဏ်ပြုစကားပြောကြားရာတွင်  အဆွေတော်သံအမတ်ကြီးအား  ယခုကဲ့သို့  စွမ်းဆောင်မှုဆိုင်ရာ  ဘွဲ့တံဆိပ်ဖြစ်သည့်  ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးအပ်ရသည့်အတွက် မြန်မာနိုင်ငံ ကိုယ်စား များစွာဝမ်းမြောက်ပါကြောင်း၊ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင်   ရိုးရိုးသံအမှုထမ်းမှ   သံအမတ်ကြီး တာဝန်အထိ   ၁၄   နှစ်တာကာလခန့်    တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်ကို ကြုံတွေ့ခဲ့ရ သဖြင့် မြန်မာနိုင်ငံနှင့်  ပတ်သက်သည့် အတွေ့အကြုံများစွာကို ရရှိပြီးဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် သံအမတ်ကြီးတာဝန် ထမ်းဆောင်ချိန် ကာလအတွင်း မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုမှာ (၇၅) နှစ်ပြည့်မြောက်သည့်အချိန်ဖြစ်ကြောင်း၊    အဆိုပါကာလအတွင်း အဆွေတော်၏ တာဝန်ထမ်းဆောင်မှုမှာ နိုင်ငံရေး အပြောင်းအလဲများအကြား   ဆောင်ရွက်ရခြင်းဖြစ်သဖြင့်     ကြီးမား ကျယ်ပြန့်ပါကြောင်း၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ယခင်ကထက် ပိုမိုတိုးတက်အောင်ဆောင်ရွက် နိုင်ခဲ့သဖြင့် ယခုကဲ့သို့ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုဘွဲ့တံဆိပ် ချီးမြှင့်ချိန်တွင် အဆွေတော်အနေဖြင့်  တာဝန်ပြီးဆုံး၍   ရုရှားနိုင်ငံသို့    ပြန်လည်သွားရောက် တာဝန် ထမ်းဆောင်တော့မည် အချိန်ဖြစ်ကြောင်း၊ သံအမတ် ကြီးတာဝန်ကို ၇ နှစ်တာကာလ တာဝန်ထမ်းဆောင်ချိန်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် ကာကွယ်ရေးပိုင်း ဆိုင်ရာများ၊ နိုင်ငံတကာရေးရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် အဆွေတော်အနေဖြင့် အကောင်းဆုံး ဖြစ်အောင်     စွမ်းစွမ်းတမံ   ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊  အဆွေတော်အနေဖြင့်     ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ပိုမိုကျယ်ပြန့်ခိုင်မာစေရန်နှင့် ချစ်ကြည် ရင်းနှီးမှုများ         ပိုမိုတိုးတက်ခိုင်မာစေရန်     ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်း၊ တပ်မတော်အစိုးရ လက်ထက်မှစ၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ခဲ့ပြီး   မိမိတာဝန်ထမ်းဆောင် ချိန်တွင်   အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့်   ပတ်သက်၍လည်း  ရုရှားနိုင်ငံ၏ ပူးပေါင်းကူညီပေးမှုများသည်လည်း        အဓိကကျ ကြောင်း၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များ   မွေးထုတ်ပေးရန်အတွက်   ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာနိုင်ငံမှ ပညာတော် သင်များ      တက်ရောက်သင်ကြားနိုင်ခဲ့ကြောင်း၊ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ထမ်း ဆောင်ခဲ့မှုများနှင့် ပတ်သက်၍လည်း  မိမိအနေဖြင့် အားရကျေနပ်ပါကြောင်း၊     မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး များကို ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခြင်းသည် ယခုရုရှားနိုင်ငံ သံအမတ်ကြီးအား  ပေးအပ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပေးအပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း၊    နောင်အခါတွင်လည်း ကာယကံရှင်နိုင်ငံနှင့်       ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာနယ်ပယ်များတွင် အကောင်းဆုံးဆောင် ရွက်ခြင်းများကို ဆောင်ရွက်နိုင်သည့် သံအမတ်ကြီး များကိုလည်း ချီးမြှင့်ပေးနိုင်ရန်အတွက် အခွင့်အလမ်း ပင်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက်   မြန်မာနိုင်ငံဆိုင်ရာ   ရုရှားနိုင်ငံ သံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV က ဘွဲ့တံဆိပ်လက်ခံရ ရှိခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားရာတွင်  ယခုကဲ့သို့  ဘွဲ့တံဆိပ်ချီးမြှင့်ပေးသည့်အတွက်   ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊  မိမိ အတွက်သာမက ရုရှားသံရုံးရှိ သံတမန်များနှင့် အမှုထမ်း မိသားစုများအားလုံးအတွက်      ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး     တိုးတက်စေရန်အတွက် မိမိအနေဖြင့် တာဝန်ထမ်းဆောင် ချိန်ကာလအတွင်း အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးမှာ အဆင့်မြင့်သည့် ဆက်ဆံရေးသို့ ရောက်ရှိလာပြီဖြစ်ပြီး ယခင်ကထက် များစွာတိုးတက်ကောင်းမွန်လာပြီဖြစ်ပါကြောင်း၊  အဆွေတော် အနေဖြင့် စက်တင်ဘာလအတွင်း ရုရှား နိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင်  ကျင်းပပြုလုပ် သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့  တက်ရောက်စဉ်    ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံ၍  နှစ်နိုင်ငံ     ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာဖြင့်    ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်း နှစ်ဖက် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများဖြင့် ဆောင် ရွက်နိုင်ခဲ့ခြင်းကြောင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်ကောင်းမွန်လာခြင်းဖြစ်ပါကြောင်း၊ အဓိကအားဖြင့်  ကာကွယ်ရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် အရေးကြီးပါကြောင်း၊ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ပညာရေးသည်အရေးကြီး ပါကြောင်း၊   မြန်မာနိုင်ငံမှ  ပညာတော်သင်များကို ရုရှားနိုင်ငံတွင် ပညာသင်ကြားပေးနိုင်ခဲ့ပြီး အဆင့်မြင့် ဒေါက်တာဘွဲ့များအထိ ရရှိခဲ့သူများလည်းရှိကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိ အနေဖြင့်    မြန်မာနိုင်ငံတွင်   ၁၄   နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်း အလဲများကို တွေ့ကြုံခဲ့ရကြောင်း၊ နှစ်နိုင်ငံဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက် နိုင်ရေး မိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ နှစ်နိုင်ငံ ဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးသည့်    ဆက်ဆံရေးရှိပြီးဖြစ်ပြီး အနာဂတ်ကာလတွင်လည်း ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  အဆွေတော်အနေဖြင့်  မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေမှုများအပေါ်လည်း     အသိအမှတ်ပြုတန်ဖိုးထားပါကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေးများကို  ဆောင်ရွက်နိုင်မည်ဟု  ခိုင်ခိုင်မာမာ ယုံကြည်ပါကြောင်း၊ ရုရှားနိုင်ငံ အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်    ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေး မိမိအနေဖြင့် ဆတက်ထမ်းပိုးဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ကို    ပေးအပ်ချီးမြှင့်သည့်အတွက်လည်း  ဂုဏ်ယူမ်းမြောက်ပါကြောင်း ပြောကြားသည်။

 

ရင်းရင်းနှီးနှီး ဆွေးနွေး

ဆက်လက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ   ရုရှားနိုင်ငံ သံအမတ်ကြီးတို့သည်   နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွား ရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ   ကိစ္စရပ်များ၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ   ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ သိပ္ပံနှင့်နည်းပညာ၊ အားကစားနှင့်    ယဉ်ကျေးမှု    စသည့်နယ်ပယ်မျိုးစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်