နိုင်ငံတကာဘောလုံးလောကသတင်းတိုများ

၃၀  ဇူလိုင်

ဇာဟာအတွက် အဲဗာတန်အသင်း၏ ကမ်းလှမ်းမှုအား ပယ်ချ

ခရစ္စတဲလ်ပဲလေ့စ်အသင်းသည် အသင်းမှ အိုင်ဗရီကို့စ်တိုက်စစ်ကစားသမား ဝီဖရိုက် ဇာဟာအတွက် အဲဗာတန်အသင်း၏ ကမ်းလှမ်းမှုအား ပယ်ချလိုက်ကြောင်း ဒေးလီးမေးလ်တွင် ဖော်ပြထားသည်။

အဲဗာတန်အသင်း ကစားသမား ငါးဦး ခေါ်ယူရန် လိုအပ်

အဲဗာတန်အသင်းသည် ဂွီရီအနေဖြင့် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်လာသည့်အတွက် လာမည့်ရာသီတွင် ပုံစံကောင်းရရှိရန် ကစားသမားငါးဦးခေါ်ယူရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မီလန်ကိုဗစ်ဆာဗစ်ကို ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ

မန်ယူအသင်းသည် လာဇီယိုအသင်းမှ ဆားဘီးယားကွင်းလယ်ကစားသမား မီလန်ကိုဗစ်ဆာဗစ် (၂၄နှစ်)ကို ခေါ်ယူရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဒေးလီးမေးလ်တွင် ဖော်ပြထားသည်။

အစ္စမာအီလာဆားကို ခေါ်ယူရန် ရင်းနက်စ်အသင်းနှင့် ဆွေးနွေးမှုများပြုလုပ်

ဝက်ဖို့ဒ်အသင်းသည် ဆီနီဂေါတိုက်စစ်ကစားသမား အစ္စမာအီလာဆား (၂၁နှစ်) ကို ခေါ်ယူရန်အတွက် ပြင်သစ်ကလပ် ရင်းနက်စ်အသင်းနှင့် ဆွေးနွေးမှုများပြုလုပ် လျက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

နိုင်ငံတကာချန်ပီယံဖလား မီလန်နှင့် မန်ယူကစားမည်

နိုင်ငံတကာချန်ပီယံဖလားပြိုင်ပွဲအဖြစ် အေစီမီလန်နှင့် ဘင်ဖီကာအသင်းတို့ ဇူလိုင် ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဘင်ဖီကာအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အေစီမီလန်အသင်းသည် နိုင်ငံတကာချန်ပီယံဖလားပြိုင်ပွဲ နှစ်ပွဲကစားထားရာ နှစ်ပွဲစလုံးရှုံးနိမ့်ထားသည်။ နိုင်ငံတကာချန်ပီယံဖလား နောက်ဆုံးပွဲစဉ်အဖြစ် ဩဂုတ် ၃ ရက်နေ့ တွင် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်