နိုင်ငံတကာပညာ့လမ်းညွှန် အကြံပြုချက်များ စာအုပ်ထွက်ရှိ

၄ ဇူလိုင်

 

မိဘတိုင်း၊ ဆရာ ဆရာမတိုင်း၊ ကျောင်းသား ကျောင်းသူတိုင်း မဖြစ်မနေ ဖတ်ရှုထားသင့်သည့် ဖိုးစိုင်း(ဂျာနယ်လစ်) စီစဉ်သည့် နိုင်ငံတကာ ပညာ့လမ်းညွှန်အကြံပြုချက်များစာအုပ် ထွက်ရှိလာသည်။

 

8

 

ကမ္ဘာကျော်တက္ကသိုလ်များ ဖြစ်ပေါ်လာပုံ၊ နိုင်ငံတကာပညာရှင်များက ကမ္ဘာ့အကောင်းဆုံး စာသင်ကျောင်းများ၊ တက္ကသိုလ်များကို မည်သို့သောစံနှုန်းများဖြင့်သတ်မှတ်ထားကြပုံ၊ အထင်ကရ ကျောင်းသားသမဂ္ဂအဆောက်အအုံများ၊ အမေရိကန်တွေ စံထားသည့် ထူးချွန်စံပြဆရာများ၊ အာဖရိက၊ ဥရောပ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖင်လန်၊ အိန္ဒိယ၊ စင်ကာပူစသည်ဖြင့် အောင်မြင်တိုးတက်နေသည့် နိုင်ငံတကာ ၏ ပညာသင်ကြားမှုစနစ်များကို လေ့လာဖတ်ရှုရမည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။

 

ကြေးမုံ စာအုပ်စင်